ဘိုဒိုဂလင့်ကို အိမ်ကွင်းမှာ မန်ယူတို့ ဘယ်လို အသည်းအသန် ကစားခဲ့ရလဲနဲ့ အမ်မိုရင်း ကစားကွက် အလားအလာ

မန်ချက်စတာ ယူနိုက်တက်ဟာ ညက အိုးထရက်ဖို့ဒ်မှာ ဘိုဒိုဂလင့်အသင်းကို ဧည့်ခံ ကစားရာ ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

နိုင်သာ နိုင်ခဲ့ပေမယ့် အခုခြေစွမ်းအတိုင်းသာဆိုရင် အမော်ရင်ရဲ့ယူနိုက်တက်အသင်းဟာ လာမဲ့ပွဲကျပ်ကာလအတွက် စိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်နေပါပြီ။ ဒီဇင်ဘာလအတွင်း ရင်ဆိုင်ရမဲ့ ပြိုင်ဘက်တွေက အစ်ဆွစ်ချ်၊ ဘိုဒိုဂလင့်တို့လို အသင်းတွေ မဟုတ်ပါဘူး။

ညက ပွဲမှာ အမော်ရင်ဟာ ပုံမှန်အတိုင်းပဲ ၃-၄-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပေမဲ့ လူအပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။

အထောင်တိုက်စစ်မှာ ဟွိုင်လန်း၊ Left Wing Back မှာ မာလာစီယာ၊ Right Wing Back မှာ အန်တိုနီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ အူဂါတေတို့ကို တွဲဖက်ကစားစေခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ အကောင်းဆုံးနေရာက ပြိုင်ဘက်အသင်း Final Third Zone နားမှာဖြစ်ပြီး အခုလို ကွင်းလယ် အထိ Drop လုပ်ပြီးတော့ ကစားခိုင်းတဲ့အခါတိုင်း ယူနိုက်တက် တိုက်စစ်နဲ့ကွင်းလယ်ကြားမှာ ချိတ်ဆက်ပေးမဲ့သူ မရှိတော့ဘဲ ကွင်းလယ်တိုက်စစ်ကစားသမား ကင်းမဲ့ခဲ့ပါတယ်။

ဂါနာချိုနဲ့ မေဆင်မောင့်တို့က တောင်ပံတိုက်စစ်မဟုတ်ဘဲ Left No 10 နဲ့ Right No 10 ပုံစံကစားခဲ့ပြီး နှစ်ယောက် စလုံးရဲ့ခြေစွမ်းက အရမ်းကြီးအားရစရာ မရှိခဲ့ပါဘူး။

ယူနိုက်တက်ကွင်းလယ်မှာ No 6 နေရာကစားမဲ့သူ မရှိဘဲ အူဂါတေနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က တိုက်စစ်လိုက်ရင် နှစ်ယောက်စလုံးအတူ တက်သွားတာကြောင့် Counter ပေါက်ပြီဆိုတာနဲ့ ယူနိုက်တက်တို့ အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။

ပုံမှန် 4 Backs ကစားရင်တောင် ဂိုးတွေအလှူပေးနေရတဲ့ ယူနိုက်တက်ခံစစ်မှာ အမော်ရင်က 3 Backs ကစားစေတာက အန္တရာယ် များလွန်းပြီး ပိုဆိုးတာက အမော်ရင်ဟာ လီဆန်ဒရိုမာတီနက်ဇ်၊ မက်ဇ်ယောင်အီတို့ကိုပါ High Pressing တက် လုပ်ခိုင်းတာကြောင့် ဘိုဒိုဂလင့် တိုက်စစ်ပြန်ဆင်လာတဲ့အခါတိုင်း ဂိုးရလုနီးပါးအခြေအနေတွေဖြစ်ခဲ့ရတယ်။

ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ပွဲစလို့စက္ကန့်ပိုင်းအတွင်းမှာပဲ ဘိုဒိုဂလင့်ဂိုးသမားရဲ့ အမှားကနေ ဟွိုင်လန်း ကန်သွင်းဖို့ ပြင်ဆင်နေတုန်း ဂါနာချိုက ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။

အစ်ဆွစ်ချ်နဲ့ပွဲတုန်းကလိုပဲ ယူနိုက်တက်တို့ ဂိုးစောစောရပြီးတဲ့နောက် ချေပဂိုးပြန်ပေးခဲ့ရပြီး Counter ပေါက်တာကနေ အီဗီယန်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

၂၃ မိနစ်မှာ ဘိုဒိုဂလင့်တောင်ပံတိုက်စစ်ကစားသမား ဇင်ကာနာဂယ်လ်က မာလာစီယာ လိုက်ဆွဲနေတဲ့ကြားကနေ ဘောလုံးဆွဲပြေးပြီးတော့ ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

ဒီဂိုးမှာ လီဆန်ဒရိုမာတီနက်ဇ်ဟာ Out of Position လုပ်ပြီးတော့ ရှေ့ကို ဘာမှမဆိုင်ဘဲ ပြေးတက်သွားတာကြောင့် မာလာစီယာက လီဆန်ဒရိုမာတီနက်ဇ်နေရာမှာ Cover လုပ်ခဲ့ရတဲ့အတွက် ဂိုးပေးလိုက်ရတာလို့ပဲပြောရမယ်။

ပထမပိုင်းပြီးခါနီးမှာ မက်ဇ်ယောင်အီ ပေးတာကနေ ဟွိုင်လန်းက ပါးပါးနပ်နပ်နဲ့ ပိတ်သွင်းခဲ့ပြီး အမှန်တကယ်ပြောရရင် အဲဒီနေရာက မက်ဇ်ယောင်အီရဲ့ နေရာမဟုတ်ဘဲ ဘရူနိုဖာနန်ဒက်စ် ရှိသင့်တဲ့နေရာဖြစ်ပါတယ်။

ယူနိုက်တက်အတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း စလို့ ၅ မိနစ်အကြာမှာပဲ အူဂါတေ ချိုးပေးတာကနေ ဟွိုင်လန်းက ပိတ်သွင်းခဲ့ပါတယ်။

ဘိုဒိုဂလင့်တို့ ချေပဂိုးရဖို့ အခွင့်အရေးကောင်းတွေရပေမဲ့ အိုနာနာ လက်စွမ်းပြကာကွယ်ခဲ့တာကြောင့် ကံဆိုးခဲ့ပြီး ယူနိုက်တက်အသင်းကလည်း ဂိုးသွင်းခွင့်တွေကို ဂါနာချို ဖြုန်းတီးခဲ့တဲ့အတွက် ဂိုးထပ်မရတော့ဘဲ ၃-၂ ဂိုးနဲ့ပြီးဆုံးခဲ့ပါတယ်။

အမော်ရင်ရဲ့ ယူနိုက်တက်နည်းပြဘဝမှာ ပထမဆုံးနိုင်ပွဲရခဲ့ပေမဲ့ သူ့ရဲ့ System ကို ယူနိုက်တက်ကစားသမားတွေ လိုက်ကစားနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါပြီ။