ပွဲဦးထွက် နိုင်ပွဲ အိုးထရက်ဖို့ဒ်က ကိစ္စတခုကြောင့် အံ့အားသင့်ပြီး ထူးခြားတဲ့စကားတွေ ပြောလာတဲ့ အမ်မိုရင်း
မနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုဒို ဂလင့်အသင်းကို ယူရိုပါလိဂ်ပွဲ ဧည့်ခံ ကစားရာ ၃-၂ နဲ့ အနိုင်ရခဲ့ပါတယ်။
” ကျွန်တော် ဒီပွဲ မတိုင်ခင်က စိတ်ပူနေမိတယ်။ ဘာဖြစ်မလဲ ကျွန်တော်တနို့ မသိနိုင်ဘူးလေ။ လောလောဆယ် ကိုယ်က ဘာမှ မထိန်းချုပ်နိုင် မလုပ်နိုင်သေးဘူး။
တစ်ပွဲချင်းစီ အတွက် အိုင်ဒီယာ ထုတ်ပေမယ့် ကစားသမားတွေနဲ့ အလုပ် ဖြစ်၊ မဖြစ် မသေချာသေးဘူး။ ဒါကြောင့် ရင်ခုန် စိတ်လှုပ်ရှားနေခဲ့ရတယ်။ ” လို့ ပွဲမတိုင်ခင် အခြေအနေကို အမ်မိုရင်းက ဆိုပါတယ်။
ထိုပွဲ အိုးထရက်ဖို့ဒ်မှာ ကစားချိန်မှာတော့ ယူနိုက်တက် ပရိသတ်တွေဟာ အမ်မိုရင်းကို ကြိုဆိုတဲ့ အနေနဲ့ ‘Bemvindo a casa Ruben’ လို့ ပေါ်တူဂီလို ရေးသားထားပြီး (Welcome home, Ruben)လို့ အဓိပ္ပါယ် ရတဲ့ စာသား ဘန်နာ တစ်ခု ပွဲကြည့်စဉ်မှာ လွှင့်တင်ထားခဲ့ပါတယ်။

ထိုသို့ ကြိုဆိုမှုကို မြင်တဲ့အခါ အမ်မိုရင်းတစ်ယောက် ကြွေသွားခဲ့ပြီး အခုလို ဝန်ခံ စကားဆိုခဲ့ပါတယ်။
” ကျွန်တော် အရမ်း အံ့သြရပါတယ်။ ကွင်းထဲက တဝက်လောက်က ကျွန်တော့်ကို သေချာ မသိလောက်သေးပါဘူး။ ကျွန်တော် ပေါ်တူဂီက လာတယ်၊ ဒီကလပ် အတွက် ဘာမှ လုပ်မပေးရသေးဘူး။
သူတို့ ကြိုဆိုလိုက်ပုံက ကျွန်တော့်ကို ထူးရှယ် ဖြစ်သွားစေပြီး ဒီမှာက ကိုယ့်အိမ်လို နွေးထွေးသွားစေခဲ့တယ်။
ဒါက ကျွန်တော် အသင်း အတွက် ဘာမှ မယူပေးနိုင်သေးခင်မှာ လုပ်ပေးကြတာနော်။ ဒါကို ကျွန်တော် နည်းပြ ဘဝ အနားယူသည်ထိ ရင်ထဲ သိမ်းထားတော့မှာပါ။ ” လို့ အမ်မိုရင်းက ဆိုခဲ့တာ ဖြစ်ပါတယ်။