အမိုရင်းကြောင့် မဟုတ်ဘဲ မန်ယူ အရင်တည်းက စောင့်ကြည့်နေတဲ့ စပို့တင်း ကြယ်ပွင့်လေးကို ချိတ်ဆက်မှုတွေ စတင်

မန်ချက်စတာယူနိုက်တက်အသင်းကတော့ နည်းပြအမိုရင် ရဲ့ အသင်းဟောင်းဖြစ်တဲ့ စပို့တင်းအသင်းမှ ာရှိတဲ့ လူငယ် ကစားသမားလေး ကွမ်ဒါကိုတော့ အလိုရှိနေပါတယ်။

ကွမ်ဒါ ရနိုင်မယ်ဆိုရင် အရခေါ်ယူသွားဖို့ရှိနေပြီးတော့ ကစာသမားလေးရဲ့ အေးဂျင့်အသစ်ဖြစ်လာတဲ့ ဂျော်ဂျ့်မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြအမိုရင်ကြောင့် အသက် ၁၇ နှစ် အရွယ်ကစားသမားလေးကို စိတ်ဝင်စား နေတာ မဟုတ်ပဲနဲ့ ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာတည်းက အလားအလာကောင်းတွေအတွက်ကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

အမိုရင်ကလည်း ဒီကောင်လေးနဲ့အတူ အနာဂတ်မှာ လက်တွဲအလုပ်လုပ်ဖို့ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကစားသမားလေး ကွမ်ဒါ ကလည်း လာမယ့်ရာသီမှာ စပို့တင်းကနေ သေချာပေါက်ကို ထွက်ခွာဖို့အတွက် ပြင်ဆင်နေတဲ့ အတွက်ကြောင့် ယူနိုက်တက်ကတော့ ချဉ်းကပ်မှုတွေ ဆက်လုပ်ဖို့ရှိနေပါတယ်။