အိုးထရက်ဖို့ဒ်မှာ အဲဗာတန်ကို မန်ယူ မနိုင်ဘူး ဆိုတဲ့ ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် မှာ အဲဗာတန် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားမှာပါ။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီ အချိန် အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က မန်ချက်စတာ ယူနိုက်တက် – အဲဗာတန် ပွဲစဉ် အတွက် သုံးသပ် ခန့်မှန်းလာပါတယ်။
ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်
မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သတ်ရင် လူတွေက အရမ်း တက်ကြွ နေကြပေမယ့် ကျွန်တော်ကတော့ သူတို့ မန်နေဂျာသစ် ရူဘန် အမ်မိုရင်း အတွက် စိတ်မကောင်း ဖြစ်မိတယ်။
သူ့မှာ အချိန်လိုတယ်။ အပြောင်းအရွှေ့ ဈေးကွက် နှစ်ကြိမ်၊ သုံးကြိမ်လောက် ဖြစ်ဖြစ် ကျော်ဖြတ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်အောင် လုပ်ရမှာပါ။

ယူနိုက်တက်ရဲ့ လက်ရှိ လူစာရင်းမှာ အမ်မိုရင်း လက်စွဲတော် 3-4-3 ကစားကွက်နဲ့ သွားတယ် ဆိုတဲ့ တကယ့် အရှိတရားက သူတို့ကို ခပ်ပြင်းပြင်း ရိုက်ခတ်တော့မှာပါ။ အထူးသဖြင့် အဲရစ်ဆန်နဲ့ ကာဆီမီရို တို့ ရှိနေတဲ့ ကွင်းလယ်ကပေါ့။
အဲဗာတန် အသင်းဘက်မှာတော့ ပရိသတ်တချို့လောက်သာ နည်းပြ ရှောင်ဒိုက်ဘက်မှာ ရပ်တည်ကြပါတယ်။ သူတို့က ၁ဝ ယောက်ကျန် ဘရန့်ဖို့ဒ်နဲ့ အတွေ့မှာလည်း ကျော်ဖြတ်နိုင်ဖို့ နည်းလမ်း ရှာမတွေ့ခဲ့ကြဘူး။
ဒီတပတ်ပွဲမှာတော့ သူတို့ အားတင်း တောင့်ခံ ကျော်ဖြတ်သွားမယ့် သဘောမှာ ရှိတယ်။ သူတို့ လုပ်သွားနိုင်မယ် လို့လည်း ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက် အထိုင်ကျဖို့က အချိန် အတော် ယူရဦးမှာကြောင့်ပါ။
အမ်မိုရင်းက တကယ့် လူကောင်း တစ်ယောက်ပါ။ ဒါကြောင့် အိုးထရက်ဖို့ဒ်မှာ ဟိုဟိုဒီဒီ ပြောသံ ဆိုသံတွေ ငြိမ်သက်သွားစေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။
အခု သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ အရှုပ်တော်ပုံထဲ ရောက်နေပါပြီ။ အပတ်တိုင်း သူက မိုက်ခရိုစကုပ်နဲ့ ကြည့်ပြီး ပြသနာတွေကို ဘယ်လိုရှင်းမလဲ အသေးစိတ် အဖြေရှာရတော့မှာပါ။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် 1-1 အဲဗာတန် ဖြစ်ပါတယ်။