ဒီည အိုးထရက်ဖို့ဒ်မှ မန်ချက်စတာ ယူနိုက်တက် – အဲဗာတန်ပွဲ ဘယ်လိုရလဒ် ထွက်မလဲ အလန်ရှီးယား သုံးသပ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည အိုးထရက်ဖို့ဒ် မှာ အဲဗာတန် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားမှာပါ။ ပွဲကတော့ ဒီ တနင်္ဂနွေနေ့ ည ၈ နာရီ အချိန် အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ဂန္တဝင်ကြီး အလန်ရှီးယားက မန်ချက်စတာ ယူနိုက်တက် – အဲဗာတန် ပွဲစဉ် အတွက် သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပါတယ်။

” နည်းပြ အမ်မိုရင်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို မြင်ရတဲ့နောက် သူတို့တော့ လုပ်ချလာတော့မှာပဲလို့ ထင်ရပေမယ့် ကံမကောင်းလှဘဲ ရမှတ်ခွဲယူခဲ့ရပါတယ်။

ဒီတပတ်ပွဲအတွက်တော့ စနစ်သစ်မှာ အံဝင်ဖို့ ယူနိုက်တက်က အလုပ်လုပ်ချိန် အနည်းငယ်ရထားပါတယ်။ သူတို့ ယူရိုပါလိဂ်ပွဲလည်း ကစားထားတယ်။

အိမ်ကွင်းမှာ ကိုယ့်အသင်းပရိသတ်တွေရှေ့ ကစားရမှာဆိုတော့ ယူနိုက်တက်က အဲဗာတန်အတွက် တောင့်တင်းလွန်းနေမယ် ထင်ပါတယ်။ ဒီပွဲက လွယ်ကူမှာတော့ မဟုတ်ပေမယ့် ယူနိုက်တက်တို့ အနိုင် ၃ မှတ်ရမှာပါ။ ” လို့ အလန်ရှီးယား က ခန့်မှန်းထားပါတယ်။