နည်းပြသစ် အမိုရင် လက်အောက်မှာ မကစားဘဲ ထွက်တော့မယ့် တိုက်စစ်မှုး ဇာဇီး

တိုက်စစ်မှုး ဂျိုရွှာ ဇာဇီးဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာပြီး နည်းပြဟောင်းဖြစ်တဲ့ သီယေဂို မော်တာနဲ့ ဂျူဗင်တပ်မှာ ပြန်လည် လက်တွဲ သွားချင်နေတယ်လို့ အီတလီက သတင်းတွေအရ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇာဇီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကကစားသမား ခေါ်ယူမှု ၅ ဦးထဲက တစ်ဦးဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ဘိုလော့ဂ်ညာကနေ ပေါင် ၃၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်မှာ အရန်ခုံကနေ ဝင်လာပြီး အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ နယ်သာလန် တိုက်စစ်မှူးဟာ အဲဒီအချိန်ကတည်းက ဂိုးမသွင်းနိုင်တော့တာဖြစ်ပြီး ပရိသတ်တွေကြား စိုးရိမ်မှုတွေ မြင့်တက် စေခဲ့တာဖြစ်ပါတယ်။

မန်ယူ နည်းပြသစ် အမိုရင် ကလည်း ဘောလုံးပေးတာ၊ တွက်ချက်တာတွေ ဇာဇီးက လိုအပ်ချက် ရှိနေပြီး ဒါတွေ ထိ သူ သင်ပေးလို့ မရကြောင်းလည်း ထုတ်ဖော် ပြောဆိုထားပါတယ်။

ဇာဇီးဟာ စက်တင်ဘာလတုန်းက တော့တင်ဟမ်ဟော့စပါးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးကတည်းက ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် မရတော့တာဖြစ်ပါတယ်။

ဇာဇီးဟာ ပြီးခဲ့တဲ့ရာသီကို ဘိုလော့ဂ်ညာမှာ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး နည်းပြ မော်တာလက်အောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တဲ့အသင်းမှာ အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။