ဂျရတ်ကို ချီးကျူးတဲ့ ပက်၊ အစွမ်းပြချင်တဲ့ ဆာလာ၊ ချာလိုဘတ် ဒဏ်ရာနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ချဲလ်ဆီးနည်းပြတူချယ်က ဝက်ဖို့ဒ်နဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူ ချာလိုဘတ် နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မိကြောင်း၊ စနေနေ့မှာ ပွဲထပ်မံ ကစားရမှာကြောင့် အဆိုပါပွဲမတိုင်ခင်ချာလိုဘတ်ရဲ့ အခြေအနေကို အနည်းငယ် စိုးရိမ်မိကြောင်း ဆိုခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့က တိုက်စစ်မှူးဆာလတ်အနေနဲ့ ပြီးခဲ့တဲ့ရာသီ အဲဗာတန်နဲ့ပွဲမှာ ဗန်ဒိုက် ဒဏ်ရာရတဲ့ ပွဲပြီးကတည်းက ဂွတ်ဒီဆင်ပတ်ခ်မှာ ခြေစွမ်းပြချင်ခဲ့တာဖြစ်ကြောင်း၊ ဒီပွဲစဉ်မှာ ဆာလတ်အနေနဲ့ ဂိုးသွင်းလိုစိတ် ပြင်းပြခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဘရာဇီးကလပ် ဖလာမင်ဂိုတိုက်စစ်မှူး ဘာဘိုဆာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိလာကြောင်း သိရပါတယ်။ ၂၅ နှစ်အရွယ် ကစားသမားဟာ လက်ရှိ ဖလာမင်ဂိုမှာ တောက်ပလျက်ရှိနေပြီး သူ့ကို တခြားဥရောပအသင်းတွေကလည်း စိတ်ဝင်စားလျက်ရှိနေကြတာပါ။

စပါးအသင်းဟာ နာပိုလီ တိုက်စစ်မှုး လိုရန်ဇို အင်ဆာဂီ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အီတလီ သတင်းတွေမှာ ဖော်ပြလာပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှုးကို နေပယ်လ်မှာ ဆက်နေဖို့ စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ကစားသမားက စဉ်းစားနေဆဲပါ။ ၎င်းကို အင်တာကလည်း စောင့်ကြည့်နေပါတယ်။

အက်စတွန်ဗီလာကြယ်ပွင့် ချူကွီမီဂါကို ခေါ်ယူနိုင်ဖို့အတွက် ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးက ရေပန်းစား နေပါတယ်။ လီဗာပူးဟာ ၁၉ နှစ် အရွယ် ကွင်းလယ်လူကိုပေါင် ၁၀ သန်း ပေးချေကာ ဘိုင်ယန်၊ ဒေ့ါမွန်တို့ထက် လက်ဦးမှုယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရန်းနစ် မန်ယူနည်းပြ ဖြစ်လာတဲ့နောက် ချယ်ဆီး တိုက်စစ်မှုး တီမိုဗာနာဟာ မန်ယူ ပစ်မှတ် ဖြစ်လာဖွယ် ရှိတယ်လို့ ဂျာမန်သတင်းတွေက ဆိုပါတယ်။ ရန်းနစ်ဟာ ဗာနာကို သူ လိုက်ပ်ဇစ်မှာ ရှိစဉ်ကလည်း ခေါ်ယူခဲ့ပြီး လုံးဝ ယုံကြည် အားထားခဲ့တာပါ။

အေစီမီလန်အသင်းဟာ အာဆင်နယ် တိုက်စစ်မှုး လာကာဇက်ကို မြန်နိုင်သမျှ မြန်မြန် ခေါ်ယူချင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်သားကို ရာသီကုန် နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်ပေမယ့် အေစီမီလန်က မစောင့်လိုဘဲ ဇန်နဝါရီမှာ ကမ်းလှမ်းဖွယ် ရှိပါတယ်။

ဗီလာနဲ့ပွဲမှာ ပြိုင်ဘက် အဖြစ် နည်းပြ ဂျရတ်ကို ရင်ဆိုင်ခဲ့ရပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချီးကျူးခဲ့ပြီး ဂျရတ်ဟာ ခမ်းနားတဲ့ မန်နေဂျာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဗီလာအနေနဲ့ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားပြီး ဘယ်လောက် ကောင်းတဲ့အသင်းဆိုတာ သိရှိထားကြောင်း ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ တီမိုဗာနာနဲ့ ဇီယက်တို့ကို လာလီဂါ ကလပ် ဘာစီလိုနာ အသင်းထံ ရောင်းချဖို့ လမ်းဖွင့် ထားကြောင်း သတင်းထွက်လာပါတယ်။ ဘာစီလိုနာက ထို ကစားသမား ၂ဦးလုံးကို တခါတည်း ဝယ်ယူနိုင်မှာ မဟုတ်ပေမယ့် ကနဦး အငှားနဲ့ ကြိုးစားဖွယ် ရှိပါတယ်။

ဂျူဗင်တပ်အနေနဲ့ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ကို ခေါ်ယူဖို့ မျက်စီကျလျက် ရှိနေပါတယ်။ ဂျူဗင်တပ် ဟာ ၂၇ နှစ်အရွယ်တိုက်စစ်မှူးကို ဇန်နဝါရီမှာပဲ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။