အာဆင်နယ်နှင့် ရင်ဆိုင်ရမဲ့ပွဲကို မန်ယူကြယ်ပွင့် ၂ ဦး မပါဘဲ လွဲမယ့် ထို-းနှက်ချက် ကြုံသွားတဲ့ အေမိုရမ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကိုဘီမိုင်နူးနှင့် လီဆန်ဒရိုမာတီနက်ဇ်တို့ဟာ နောက်တပတ် အမ်းမရိတ်ကွင်းတွင် အာဆင်နယ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမဲ့ပွဲစဉ်ကို လွဲချော်လာပါမယ်။

ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်ဟာ မနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် အဲဗာတန်အား ဧည့်ခံကစားရတဲ့ပွဲမှာ သက်တောင့်သက်သာနဲ့ အနိုင်ယူပြီး ယူနိုက်တက်နည်းပြဘဝ ဆက်လက်တာထွက်ကောင်းနေပါတယ်။

ယင်းပွဲမှာ ယူနိုက်တက်ဟာ မားကပ်စ်ရက်ဖို့ဒ်နှင့် ဂျိုရှာဇတ်ဇီးတို့ရဲ့ သွင်းဂိုး ၂ ဂိုးစီဖြင့် ၄-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ယင်းပွဲမှာ ယူနိုက်တက်ရဲ့ အဓိကကစားသမားများဖြစ်ကြတဲ့ မိုင်နူးနှင့် မာတီနက်ဇ်တို့ အဝါကတ်ကိုယ်စီ ပြသခြင်း ခံခဲ့ရပါတယ်။

ယင်းအဝါကတ်ကြောင့် ၎င်းတို့ နှစ်ဦးဟာ အဝါကတ် ၅ ကတ်စီ ပြည့်လာကာ ၁ ပွဲအလိုအလျှောက် ပွဲပယ်ခံရပါမယ်။
ဒါကြောင့်လည်း ၎င်းတို့ဟာ ဗုဒ္ဓဟူးနေ့မှာ အမ်းမရိတ်ကွင်းသို့ သွားရောက်ကာ အာဆင်နယ်ကို ရင်ဆိုင်ရမဲ့ပွဲအား လွဲချော်လာပါမယ်။

ကိုဘီမိုင်နူးဟာ အေမိုရမ်လက်ထက်မှာ ပထမဆုံးပွဲအဖြစ် အဲဗာတန်နှင့်ပွဲမှာ ပါဝင်ကစားလာတာဖြစ်လို့ ကြီးမားတဲ့ ဆုံးရှုံးမှုတော့ မဖြစ်လာနိုင်ပါဘူး။ ဒါပေမဲ့ အေမိုရမ်ဟာ မာတီနက်ဇ် ပွဲပယ်ခံရမှုနှင့်အတူ ဂျွန်နီအီဗန့်ကို အသုံးပြုလာရဖို့ ရှိနေပါတယ်။