အမ်းမရိတ်မှာ မန်ယူက အာဆင်နယ်ကို ဂိုးပြတ်ရှုံးမယ် ဟောကိန်းထုတ်လာတဲ့ ဝါရင့်ကြီး ပေါမာဆန်
ဒီတပတ် ကြားရက်မှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် ထိပ်တိုက်တွေ့တဲ့ ပွဲ ရှိနေပါတယ်။
ပွဲကတော့ ကြာသပတေး နံနက် မြန်မာစံတော်ချိန် ၂း၄၅ နာရီ အချိန် အမ်းမရိတ်ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီပွဲကလည်း အာဆင်နယ် အနိုင်က လွဲလို့ တခြား ဖြစ်စရာ မမြင်ဘူး။ သက်တောင့်သက်သာ လွယ်လွယ် ကူကူပဲ ဖြစ်လိမ့်မယ်။
ဒီပွဲ အာဆင်နယ် ၃-၄ ဂိုးလောက်တောင် အပြတ်နိုင်မယ်လို့ ကျွန်တော်က မှန်းချင်တယ်။ သူတို့ မန်ချက်စတာ ယူနိုက်တက်ကို လုံးဝ ဖျက်ဆီးပြလိမ့်မယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဲဗာတန်နဲ့ နိုင်ပွဲရလဒ် ကို မျောနေလို့ မရပါဘူး။ သူတို့ ဘိုဒိုဂလင့်နဲ့ ပွဲကို ကျွန်တော် ကြည့်ခဲ့သေးတယ်၊ သူတို့ သိပ်မကောင်းသေးပါဘူး။ အစ်ဝစ်ချ်တုန်းကလည်း ပိုကောင်းတဲ့ အသင်းတောင် ဖြစ်နေတယ်။
အာဆင်နယ် အခု ထူးချွန်နေတဲ့ ပုံစံကို ထည့်တွက်မယ် ဆိုရင် အမ်းမရိတ်မှာ ၃-၄ ဂိုး မပြတ်ရင်တောင် အံ့သြစရာ ဖြစ်နေမှာပါ။
မန်ချက်စတာ ယူနိုက်တက် အတွက် ဒီပွဲမှာ အားသာတာ တစ်ခုက လီဆန်ဒရို မာတီနက်ဇ် ပွဲပယ် ထိနေတာပဲ။ သူ့နေရာ မက်ဂွဲရား ဝင် ကစားဖို့ များတယ်။ သူက set-pieces တွေ ကာကွယ်တဲ့နေရာမှာ သံလိုက်လိုပဲ။
အမ်မိုရင်း လက်အောက်မှာ ယူနိုက်တက်က အကောင်းဆုံး ပုံစံရဖို့ လုပ်ဆောင်နေရဆဲ ဖြစ်ပြီး အာဆင်နယ်ကတော့ အာတီတာနဲ့ အတူ သိပ်ကောင်းနေတဲ့ အချိန် ဖြစ်နေတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်
အာဆင်နယ် ၃-ဝ မန်ချက်စတာ ယူနိုက်တက်။