ရွိုင်ကိန်း သည်းမခံနိုင်လောက်အောင် ကွင်းထဲမှာ အဖြစ် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသား
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက အမ်းမရိတ်သွားပြီး အာဆင်နယ်ကို ရင်ဆိုင် ကစားရာ ၂-ဝ နဲ့ အရေးနိမ့်ခဲ့ပါတယ်။
အဲဒီပွဲမှာ ယူနိုက်တက် အတွက် အင်တိုက် အားတိုက် မရှိဘဲ ဝတ်ကျေတန်းကျေ အဖြစ်လောက် ကစားပြနေတဲ့ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို သရဲနီဟောင်းကြီး ရွိုင်ကိန်း သည်းမခံနိုင်အောင် စိတ်ပျက် ပေါက်ကွဲခဲ့ပါတယ်။
ထိုပွဲစဉ်ကို ရွိုင်ကန်းက နဗီး၊ ကာရေဂါ၊ ရိုက်တို့နဲ့ အတူ ယူကျု့ အစီအစဉ်ကနေ ပွဲကို သုံးသပ်နေခဲ့တာပါ။
ရက်ဖို့ဒ်က ယူနိုက်တက် အတွက် လူစားဝင် ကစားခဲ့တာ ဖြစ်ပြီး အင်္ဂလန်သားရဲ့ ဘောလုံး ဖြစ်သလို ပေးချက်ကနေ အာဆင်နယ် သွင်းဂိုးရသွားစေတဲ့ လမ်းကြောင်း ဖြစ်သွားစေခဲ့ပါတယ်။

ရွိုင်ကိန်းက ” ကျွန်တော် ပြောမယ်ဗျာ။ ရက်ဖို့ဒ် ဝင်လာတည်းက ကြည့်နေတာ၊ သူ့ရဲ့ ဖြစ်သလို ကစားပုံက ဘောလုံးသမားတစ်ယောက် အနေနဲ့ စိတ်ပျက်စရာပဲ။
သူ ခေါင်းတိုက်တာ ဘယ်ရောက်သွားလဲ ကြည့်ကြဦး ကဲ. . တကယ့် -ျီးထုတ်ဗျာ။ ဘောလုံးကို ကစားကွက် မတည်ဘူး ကြုံရာ ကန်ထုတ်တယ်။ ” လို့ စိတ်ပျက်စွာ ဝေဖန်ခဲ့ပါတယ်။
ရက်ဖို့ဒ် ဖြစ်သလို ကန်ထုတ်လိုက်တဲ့ ဘောလုံးဟာ အာဆင်နယ်ရဲ့ ဒုတိယ ဂိုးဆီ ဦးတည်သွားခဲ့ပြီးနောက် ဂယ်ရီနဗီးကလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပါတယ်။
ရက်ဖို့ဒ်ဟာ ၅၈ မိနစ်မှာ လူစားဝင် ကစားတာ ဖြစ်ပြီး အသက် ၂၆ နှစ် အရွယ် အင်္ဂလန်သားဟာ ပွဲထဲ ဘောလုံး ထိချက် ၂၂ ကြိမ် ရခဲ့ပြီး ဂိုးကန်ချက် ဒါမှ မဟုတ် အရေးပါတဲ့ key passes တစ်ကြိမ်တောင် မပြုလုပ်နိုင်ခဲ့ပါဘူး။