အမ်မိုရင်းက အာဆင်နယ်နဲ့ပွဲမှာ အမှားလုပ်ခဲ့တယ် လို့ ထောက်ပြလိုက်တဲ့ ပေါမာဆန်
မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အမ်မိုရင်းဟာ အသင်းကို ရဲရင့်စွာ ကစားဖို့ ဦးဆောင်နိုင်ခြင်း မရှိဘဲ အာဆင်နယ်နဲ့ ပွဲမှာ ပွဲချဉ်းကပ်ပုံက မှားယွင်းခဲ့တယ်လို့ ဝါရင့် သုံးသပ်သူ ပေါမာဆန်က ထောက်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ အမ်မိုရင်းရဲ့ သရေရလဒ်ကို ဦးတည်ကစားမှုဟာ ယူနိုက်တက်ကို ထိခိုက်စေခဲ့တာလို့ ဂန်းနားဟောင်းကြီးက မြင်ပါတယ်။
ပရီးမီးယားလိဂ်မှာက နောက်ကျမှ ဝုန်းမယ်လို့ လုပ်လို့မရဘဲ မိနစ်တိုင်း ပွဲတိုင်းဟာ အဓိပ္ပာယ်ရှိတာကို အခုလို ထောက်ပြလာပါတယ်။

ပေါမာဆန်ကတော့ ” မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်နဲ့ ပွဲမှာ စိတ်ပျက်စရာ ကြုံထားရတာပါ။ ပထမပိုင်းမှာ အတော် ဟုတ်နေပြီးမှ အရေးနိမ့်သွားတယ်၊ ဒါပေမယ့် သူတို့ ကြည့်ရတာ သရေကို ဦးတည်ပြီး ကစားခဲ့ပုံ ပေါ်ပါတယ်။
ယူနိုက်တက်က safe ဖြစ်အောင် အရင် ထိန်းပြီးမှ ဒုတိယပိုင်းမှာ ရက်ဖို့ဒ်၊ ဇက်ဇီးတို့နဲ့ ဝုန်းဖို့ ကြံခဲ့တာ။ ဒါပေမယ့် သူတို့လည်း ဝင်လာရော ပွဲက ပြီးသွားပြီ။
ကျွန်တော်ကတော့ ရူဘန် အမ်မိုရင်းဆီက negative ဘက်ရောက်တဲ့ ချဉ်းကပ်မှုလို့ မြင်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေကတော့ စိတ်ရှည်မှ ဖြစ်မယ်။
သူတို့ လိုချင်တဲ့ ရလဒ်တွေ ရဖို့ အချိန် တစ်ခုတော့ ယူရလိမ့်မယ်။ အမ်မိုရင်းက နည်းပြကောင်း ဖြစ်လို့ လမ်းမှန်ပေါ် ရောက်လာမှာပါ။
တကယ်တော့ အမ်မိုရင်းက အာတီတာကို ပြသနာတွေ ပေးပြီ လို့ ပထမပိုင်းတုန်းက ထင်ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်က သိပ်ကို သက်တောင့်သက်သာ ရှိနေပြီး အာဆင်နယ်က ပါတေး ခေါင်းတိုက်ချက်က လွဲလို့ ဂိုးသွင်းမယ့် ပုံကို မတွေ့ခဲ့ဘူး။
ဒါပေမယ့် ဒါက ပရီးမီးယားလိဂ်ပါ၊ ပေါ်တူဂီ လိဂ် မဟုတ်ဘူး။ မန်ချက်စတာ ယူနိုက်တက် ဆိုရင် ဒီလောက်နဲ့ မရဘူး။ ” လို့ သုံးသပ်ထားပါတယ်။