တိုက်စစ်မှုး မာရှယ်ကို ရောင်းဖို့ ပြင်နေတဲ့ မန်ယူနဲ့ ဇန်နဝါရီမှာ ချက်ချင်း ခေါ်ချင်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ လတ်တလောမှာ ပြင်သစ်အသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာတော့ ရိုနယ်ဒို ၊ ဂရင်းဝုဒ်တို့ရဲ့နောက် တတိယမြောက် ဦးစားပေး တိုက်စစ်မှူးနေရာကို ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ မာရှယ်ဟာ ယခုပုံစံအတိုင်းသာ ပွဲထွက်ခွင့်တွေ ဆက်လက် ဆုံးရှုံးနေပါက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာ ၊ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်နဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Euro Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်း အတွက် အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေရာ မာရှယ်လို ပင်ကိုယ် အရည်အသွေး ကောင်းမွန်ကာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ မာရှယ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ မာရှယ်အတွက် အငှားကြေး ယူရို ၂သန်း + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ မဖြစ်မနေ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ ကတိသာ ရရင် မာရှယ်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ZG

ဘာစီလိုနာအသင္းဟာ ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ရဖို႔ ႐ုန္းကန္ေနရတဲ့ ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး အန္သိုနီ မာရွယ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။

အသက္ ၂၅ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး အန္သိုနီ မာရွယ္ဟာ လတ္တေလာမွာ ျပင္သစ္အသင္း အတြက္ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္တဲ့ ကစားသမား တဦး ျဖစ္ေပမယ့္ ကလပ္အသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာေတာ့ ႐ိုနယ္ဒို ၊ ဂရင္းဝုဒ္တို႔ရဲ႕ေနာက္ တတိယေျမာက္ ဦးစားေပး တိုက္စစ္မႉးေနရာကို ေရာက္ရွိေနပါတယ္။

ဒါေၾကာင့္ပဲ မာရွယ္ဟာ ယခုပုံစံအတိုင္းသာ ပြဲထြက္ခြင့္ေတြ ဆက္လက္ ဆုံးရႈံးေနပါက လာမယ့္ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းကေန ထြက္ခြာဖို႔ စဥ္းစားေနၿပီး စပိန္လာလီဂါ အင္အားႀကီးကလပ္ ဘာစီလိုနာ ၊ စီးရီးေအ နာမည္ႀကီးကလပ္ ေအစီမီလန္နဲ႔ ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ေတြ ျဖစ္တဲ့ စပါးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ မာရွယ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။

နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Euro Sports သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ အားနည္းခ်က္ တခုလို ျဖစ္ေနတဲ့ တိုက္စစ္ပိုင္း အတြက္ အရည္အေသြးျမင့္ တိုက္စစ္မႉး တဦးကို ေခၚယူခ်င္ေနရာ မာရွယ္လို ပင္ကိုယ္ အရည္အေသြး ေကာင္းမြန္ကာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ တိုက္စစ္မႉးကို ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။

ဘာစီလိုနာအသင္းဟာ မာရွယ္ကို ရာသီဝက္အငွား + ရာသီကုန္မွာ အၿပီးသတ္ ေခၚယူခြင့္နဲ႔ ေခၚယူဖို႔ မ်က္စိက်ေနတာ ျဖစ္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္အသင္း ကေတာ့ မာရွယ္အတြက္ အငွားေၾကး ယူ႐ို ၂သန္း + ရာသီကုန္မွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၀သန္းနဲ႔ မျဖစ္မေန အၿပီးသတ္ ေခၚယူပါ့မယ္ ဆိုတဲ့ ကတိသာ ရရင္ မာရွယ္ကို လက္လႊတ္ဖို႔ ဆုံးျဖတ္ထားပါတယ္။