ဖရက်ကို ချီးကျူးနေတဲ့ ကာရစ်၊ ကော်တင်ညို အလိုက်ပေးချင်နေတဲ့ ဘာစီနဲ့ ယနေ့ည မန်ယူ သတင်းတိုများ
မန်ယူ ဂန္ထဝင်ဟောင်း တက်ဒီရှရင်ဂမ်က မန်ယူလူငယ်တိုက်စစ်မူှး ဂရင်းဝုဒ်ဟာ နေရာယူပုံ ကောင်းမွန်သူဖြစ်ကြောင်း၊ မိမိအနေနဲ့ ဂရင်းဝုဒ်ရဲ့ အဆုံးသတ်ပုံကို ကြိုက်နှစ်သက်ကြောင်း၊ ဂရင်းဝုဒ်ဟာ ဂိုး ဘယ်လို သွင်းရမလဲဆိုတာ သေချာပေါက် သိရှိသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
အာဆင်နယ် တိုက်စစ်မှုးဟောင်း အွန်နရီကတော့ မန်ယူနဲ့ ပွဲမှာ အာဆင်နယ်က အနိုင်ကန်ပြီး အသင်း အနေအထားကို ပြသသွားဖို့ သူ့အသင်းဟောင်းကို တိုက်တွန်းထားပါတယ်။
ဘာစီလိုနာ ပစ်မှတ်ထားနေတဲ့ မန်ယူတိုက်စစ်မူှးတွေဖြစ်ကြတဲ့ ကာဗာနီနဲ့ မာရှယ်လ်တို့ကို ခေါ်ယူတဲ့နေရာမှာ ကွင်းလယ်လူ ကော်တင်ဟိုကို ပြန်ပြီး အလိုက်ပေးသွားဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ မန်ယူကတော့ ကော်တင်ဟိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။

မန်ယူ ယာယီ နည်းပြ အဖြစ် ဆောင်ရွက်နေတဲ့ ကာရစ်ကတော့ ကွင်းလယ်လူ ဖရက်ဒ်ကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပြီး မိမိအနေနဲ့ ဖရက်ဒ်ရဲ့ပုံစံကို ကြိုက်နှစ်သက်မှု ရှိကြောင်း၊ ဖရက်ဒ်ဟာ အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်ကြောင်း အာဆင်နယ်နဲ့ ပွဲမတိုင်ခင်မှာ ဆိုခဲ့ပါတယ်။
မန်ယူ နောက်ခံလူ ဗာရိန်း ရဲ့ ဒဏ်ရာအခြေအနေက ကောင်းမွန်လျက်ရှိနေပေမဲ့ အာဆင်နယ်နဲ့ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ကြံ့ခိုင်မှု ပြည့်ဝမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဗာရိန်း အနေနဲ့ အတ္တလန္တာနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရပြီးနောက် မန်ယူရဲ့ ပွဲစဉ်တွေကို တစ်လခန့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က မန်ယူတိုက်စစ်ကစားသမား လင်ဂတ်အနေနဲ့ မန်ယူကနေ ထွက်ခွာပြီး ဝက်စ်ဟမ်းကို ပြန်လည် ပြောင်းသင့်ကြောင်း၊ ဝက်စ်ဟမ်းမှာတုန်းက လင်ဂတ်ရဲ့ တောက်ပတဲ့ ပုံစံကို မြင်တွေ့ ခဲ့ရကြောင်း၊ ဒီအချိန်မှာ နယူးကာဆယ်ကိုပြောင်းတာ စွန့်စားလွန်းရာကျပြီး ဝက်စ်ဟမ်းကိုသာ ပြောင်းသင့်ကြောင်း တိုက်တွန်း ခဲ့ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ဘလွန်းဒီအော ဆုအရေအတွက်မှာ မက်ဆီထက်နည်းပေမဲ့ သမိုင်းတစ်လျှောက် ဘလွန်းဒီအော ဆုအတွက် မဲအရေအတွက်မှာတော့ မက်ဆီထက်ပိုများနေပါတယ်။ စီရော်နယ်ဒိုဟာ ဘလွန်းဒီအော ဆု သမိုင်းတစ်လျှောက် မဲအရေအတွက် ၃၇၈၁ ရရှိထားပြီး မက်ဆီက ၃၅၇၄ သာ ရရှိထားတာ ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်က သူ့အနေနဲ့ ယာယီနည်းပြအသစ်ဖြစ်တဲ့ ရန်နစ်ရဲ့ စကားပြောဆိုရခြင်း မရှိသေးကြောင်း၊ လက်ရှိ အချိန်မှာ မိမိအနေနဲ့ ပွဲစဉ်တွေအတွက် အာရုံစိုက် ပြင်ဆင်နေကြောင်း၊ ပြီးခဲ့တဲ့ ၂ ပွဲမှာသူတို့ရဲ့ပုံစံက အလုပ်ဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာလည်း အဆင်ပြေဖို့ မျှော်လင့်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။