မန်ချက်စတာ ယူနိုက်တက် ခေါ်နိုင်ခဲ့ရင် အရမ်းကောင်းမယ့် ကစားသမား အကြောင်း တမ်းတမ်းတတ ပြောလာတဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင်ကိန်းက ပရီးမီးယားလိဂ်ဂန္တဝင်နဲ့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ တစ်ခါတုန်းက ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ပေါ်လို ဒီကာနီယိုအနေနဲ့ အိုးထရက်ဖို့ဒ်မှာသာ ကစားခဲ့ရင် အရမ်းကောင်းမွန်ခဲ့လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ဟာ ၂၀၀၁-၂၀၀၂ ရာသီအလယ်တုန်းက ဒီကာနီယိုကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း အီတလီ တိုက်စစ်မှူးက မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။

ဒီကာနီယိုက နောက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ခေါ်ယူဖို့ ကြိုးပမ်းခြင်းခံခဲ့ရချိန်မှာ ကြီးမားပြီး အားကောင်းလွန်းတဲ့အသင်းလို့ ခံစားခဲ့ရပေမယ့် ကစားသမားဘဝ အဆိုးရွားဆုံးအချိန်တွေအပြီး အခွင့်အရေးပေးခဲ့တဲ့ ဝက်စ်ဟမ်းမိသားစုကို မစွန့်ခွာချင်ခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ၁၉၉၉ ခုနှစ် ဇန်နဝါရီလမှာ ဒိုင်လူကြီး ပေါလ် အယ်လ်ကော့ကို လဲကျသွားတဲ့အထိ တွန်းခဲ့တဲ့အတွက် ၁၁ ပွဲ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေး ပေါင် ၁ သောင်း တပ်ရိုက်ခံခဲ့ရတဲ့ ဒီကာနီယိုကို ရှက်ဖီး ဝမ့်စ်ဒေးအသင်းကနေ ပေါင် ၁.၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒီကာနီယိုဟာ ဝက်စ်ဟမ်းအသင်းမှာ ကစားခဲ့တဲ့ ၄ နှစ်အတွင်း ပရီးမီးယားလိဂ် ၁၁၈ ပွဲမှာ ၄၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် ချာလ်တန်အသင်းမှာ တစ်နှစ်ကြာ ကစားပေးခဲ့တာဖြစ်ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ချဉ်းကပ်ခြင်းကို ခံခဲ့ရပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ အီတလီတိုက်စစ်မှူးက အက်ဖ်အေဖလားပြိုင်ပွဲမှာ သရဲနီတွေကို နောက်ကျအနိုင်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

“ဒီကာနီယိုက မန်ယူနိုက်တက်ကို လာဖို့ နီးစပ်ခဲ့သေးတယ်မဟုတ်လား။ သူတို့တွေ ဇန်နဝါရီလမှာ သူ့ကို ခေါ်ဖို့ လုပ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။”လို့ ဂျေမီ ကာရေဂါက ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက “ခင်ဗျားသိလား။ သူက ယူနိုက်တက်မှာကစားခဲ့ရင် အရမ်းကို ကောင်းမွန်ခဲ့မှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူက အိုးထရက်ဖို့ဒ်က ဖလားပွဲမှာ နဗီးက သူ့ကို ကပ်ထားတဲ့ကြားကနေ အဲဒီဂိုးကို သွင်းယူသွားခဲ့တယ်။

နဗီးက သူ့လက်တွေကို လေထဲမှာ ၈ မိနစ်လောက်ကို ဆက်မြှောက်ထားခဲ့တယ်။ ကျွန်တော်တို့ ဘောလုံးအလယ်မှာ ပြန်တည်ပြီး ကန်တဲ့အထိ သူ့လက်တွေကို မြှောက်ထားတုန်းပဲ။”လို့ ဆိုခဲ့တာ စြဖ်ပါတယ်။