မန်ယူ အသင်းသားတွေကိုလည်း အသင်းဝန်ထမ်းတွေကို လုပ်သလို လုပ်ဖို့ နဗီး အပြတ် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းဟာ ခန့်ထားတာ ၅ လသာ ရှိသေးတဲ့ အားကစား ဒါရိုက်တာ ဒန် အက်ရှ်ဝါ့ဒ်နဲ့ လမ်းခွဲလိုက်တဲ့နောက် သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ဒီလို ပြတ်သားမှုမျိုးနဲ့ ယူနိုက်တက် ကစားသမားတွေကိုလည်း ကိုင်တွယ်စေလိုကြောင်း အခုလို ထုတ်ဖော် ပြောဆိုလာပါတယ်။

” ကျွန်တော်ကတော့ သူတို့ (Ineos) ရဲ့ ဒီလို ရက်စက်မှုမျိုးကို အသင်းက -ျီးထုပ် ကစားသမားတွေ အပေါ်လည်း လုပ်စေချင်တယ်။ အသင်းမှာ အဲဒီလို ကစားသမားတွေ ရှိနေတယ်ဗျ။

အသင်းမှာ နှစ်ချို့ တွယ်ကပ်နေတဲ့ သူတွေ၊ အသင်းအတွက် လုံလောက် ကောင်းမွန်မှု မရှိတဲ့သူတွေ၊ အဲဒီသူတွေ အပေါ်လည်း ပြတ်ပြတ်သားသား လုပ်ရမှာဗျ။ သူတို့ကို အသင်းကနေ မြန်မြန် ကန်ထုတ်လိုက်ကြစမ်းပါဗျာ။

သူတို့ (Ineos) ကို အဲဒီလို လုပ်စေချင်တယ်။ ပိုကောင်းရင်လည်း ကောင်းသွားမယ်၊ ဆိုးရင်လည်း ဆိုးမယ်။ ဒါပေမယ့် ဒါက ရဲရင့်တဲ့ ဆုံးဖြတ်ချက်ပဲ။ အဲဒီလိုပဲ ကျွန်တော် စဉ်းစားမိတယ်။

အသင်းမှာဆို ဆူညံစေတဲ့ ကိစ္စတွေ အများကြီး ဖြစ်သွားတယ်။ လက်မှတ်ဈေးနှုန်းတွေ တက်တယ်။ ဝန်ထမ်း ၂၅ဝ ကျော် လျှော့ချတယ်။ သူတို့ အဲဒါကျ ပြတ်ပြတ်သားသား လုပ်တယ်။

သူတို့ တကယ် လုပ်ချင်ရင် ဘယ်လို ဝေဖန်မှုတွေ အသံတွေ ထွက်နေပါစေ၊ သူတို့ ဒါကို ဂရုမစိုက်ပါဘူး။ ” လို့ နဗီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။