ရက်ဖို့ဒ် ကို ဇန်နဝါရီရော၊ နွေမှာပါ အရောင်းတင်ကာ ရှင်းထု၊တ်တော့မယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ အစီအစဉ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပေမယ့် ကွင်းထဲမှာ ဝတ်ကြေတန်းကြေလို ကစားနေတဲ့ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် အပေါ် ပရိသတ်တွေကတော့ ငြိုငြင် စိတ်ပျက်မှုတွေ တိုးလာနေကြပါတယ်။

ဒီလို အချိန်မှာပဲ မားကပ်ရက်ဖို့ဒ်ကို ရအောင် ရောင်းမယ့် သတင်း ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို ရောင်းချဖို့ ကြိုးစားတော့မှာ ဖြစ်ပြီး ဇန်နဝါရီတည်းက အရောင်းဖွင့်မယ် လို့ တယ်လီဂရပ်ဖ် သတင်းက ဖော်ထုတ်လာပါတယ်။

ရက်ဖို့ဒ်ရဲ့ မြင့်မားတဲ့ လုပ်ခ လစာကြောင့် ခေါ်ယူနိုင်မယ့် အသင်း ရှားပါးနိုင်ပေမယ့် ယူနိက်တက်ဘက်က ဇန်နဝါရီမှာ ဝယ်လက် စတင် ရှာဖွေမှာ ဖြစ်ကာ နွေမှာ ဆော်ဒီဘက် ရောင်းချဖို့ကလည်း ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။

ရက်ဖို့ဒ်ကို ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီဘက်က ချိတ်ဆက်မှုတွေတော့ ရှိထားပါတယ်။

အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ ယူနိုက်တက် ရလဒ် မကောင်းတိုင်း ထည့်ပြောခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရက်ဖို့ဒ်ကိုယ်တိုင်လည်း အသင်းပြောင်းဖို့ လက်ခံလာနိုင်ပါတယ်။

ယူနိုက်တက် အတွက်ကတော့ ရက်ဖို့ဒ်ကို ရောင်းချရင် ကြီးမားတဲ့ လစာ စရိတ် လျှော့ချနိုင်ခြင်း၊ homegrown ကစားသမား ဖြစ်လို့ ရောင်းရငွေဟာ အသားတင် အမြတ် အဖြစ် စာရင်း ဝင်ခြင်း၊ အမ်မိုရင်း စိတ်ကြိုက် တိုက်စစ်မှုး ပြန်ဝယ်ဖြည့်နိုင်ခြင်း စတဲ့ အကျိုးမြတ်ကောင်းတွေ ရှိနေပါတယ်။