မန်စီးတီး – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အတွက် ပေါမာဆန် ဘယ်လို သုံးသပ်ဟောကိန်းထုတ်

ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ မန်ချက်စတာ ဒါဘီ ပွဲ ယှဉ်ပြိုင် ကစားရမှာပါ။ ဒီပွဲက လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ၊ အီတီဟက် ကွင်းမှာ ကန်ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲ သုံးသပ်ဆရာကြီး ဂန်းနားဟောင်း ပေါမာဆန်ကတော့ စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ မန်ချက်စတာ ဒါဘီပွဲ အတွက် ဒီလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီလိုပွဲက ဒီတလော နှစ်တွေ အတွင်း မန်ချက်စတာ စီးတီးအတွက် ဒီရာသီ အကြီးမားဆုံး ပွဲ မဟုတ်ပါဘူး။ သူတို့ အတွက် လီဗာပူး၊ အာဆင်နယ်နဲ့ ပွဲတွေက ပို ပွဲကြီးပွဲကောင်း ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အခု သူတို့ ကစားနေတဲ့ ပုံအရတော့ ဒီပွဲစဉ်က ချက်ချင်းကြီး အရမ်း အရမ်း အရေးကြီးတဲ့ ပွဲစဉ် ဖြစ်လာပါပြီ။

မန်စီးတီး ဒါမျိုးကြီး ဖြစ်လာမယ် လို့ ဘယ်သူမှတောင် မတွေးခဲ့မိလောက်ဘူး။ အရင်လည်း မဖြစ်ခဲ့ဖူးဘူးလေ။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ အဆင့် ၁၃။ အာဆင်နယ်နဲ့ ပွဲမှာဆို သူတို့ ဘာမှတောင် မလုပ်နိုင်ဘဲ ရှုံးတယ်။ ဖောရက်စ်ကိုလည်း အိမ်ကွင်းမှာ ရှုံးတယ်။ ဒီအပတ် မန်ချက်စတာ ဒါဘီပွဲပြီးရင် တော့တင်ဟမ် စပါးနဲ့ EFL ကွာတားဖိုင်နယ်ပွဲ ကစားရဦးမယ်။ သူတို့အတွက် စိန်ခေါ်မှုကြီး တစ်ခုပါ။

ရူဘန် အမ်မိုရင်းက ဒီပွဲကို နိုင်ချင်ရင် တိုက်စစ်မှာ ၃ ယောက်တန်း၊ ဒီယာလို ရက်ဖို့ဒ် ဂါနာချို တို့ ထား ကစားရမှာပဲ။ စီးတီးကို အနိုင်ယူသွားတဲ့ အသင်းတိုင်းက ကောင်တာ တိုက်စစ်ကို သုံးသွားတာ၊ ဒီ တိုက်စစ် ၃ ယောက်က စီးတီးကို ခံစားသွားရအောင် လုပ်နိုင်ပါတယ်။

ယူနိုက်တက်က သူတို့ မြန်နှုန်းနဲ့သာ စီးတီးကို ဒုက္ခပေးနိုင်ရင် ဒီပွဲမှာ နိုင်နိုင်ခြေရှိပါတယ်။ ခံစစ်မှာ အထိုင်ချပြီး ဂူအောင်းနေလို့တော့ မရဘူးပေါ့။ ပြိုင်ဘက်တွေနဲ့ ထိပ်တိုက် ယှဉ် ကစားရပါမယ်။

ဒါပေမယ့် အဆုံးမှာ စီးတီးပဲ အသာရသွားမယ် လို့ ကျွန်တော် ထင်ပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်

မန်စီးတီး ၂-၁ မန်ချက်စတာ ယူနိုက်တက်။