ဘာနာဒိုပဲ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးလို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေတဲ့ ဂွာဒီယိုလာ

အက်စ်တွန်ဗီလာ အသင်းနဲ့ပွဲမှာ အရမ်းကောင်းတဲ့ ဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘာနာဒို ဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမားလို့ ချီးကျူးလိုက်ပါတယ်။

“သူ(ဘာနာဒိုဆေးလ်ဗား)က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပါ။ ပြီးခဲ့တဲ့ ၃ ရာသီတုန်းက ၉၈ မှတ်နဲ့ ချန်ပီယံဆု ရချိန်တုန်းကလည်း သူက အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။ ဘောလုံးနဲ့ဆို သူက ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီ ဒါမှမဟုတ် ၃ ရာသီကိုကြည့်ရင် အခုလက်ရှိသူ့အနေအထားကို မြင်ရမှာပါ။ ဘောလုံးထိန်းချုပ်မှု ၊ ပေးပို့မှု နဲ့ အဆုံးသတ်ပိုင်းမှာ တကယ်ကောင်းပါတယ်။ တစ်ဆင့်မြင့်တဲ့ ကစားသမားလို့ ဆိုနိုင်ပါတယ်”လို့ ဂွါဒီယိုလာက ချီးကျူးခဲ့ပါတယ်။

“နိုင်ပွဲ ၁၅၀ ဆိုတဲ့ စံချိန်က စံချိန်ကောင်းတစ်ခုပါ။ အချိန်တိုအတွင်းမှာ ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဆုဖလားတွေအတွက် ဆက်လက်ကြိုးစားရဦးမှာပါ။ လီဗာပူးက ဂိုးသွင်းစက်ဖြစ်နေသလို ချဲလ်ဆီးကလည်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသထားပါတယ်။ ၁ မှတ်ပဲ ကွာတာကြောင့် ဆက်လက်ဖိအားပေးနိုင်ဖို့ ကြိုးပမ်းမှာပါ”လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂျရတ်အတွက်တော့ ဗီလာနည်းပြဘ၀ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ကာ မန်စီးတီးကို အကောင်းဆုံး ဒုက္ခ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အက်စတွန် ဗီလာကို အနိုင်ရရှိခဲ့တာကြောင့် မန်စီးတီးဟာ ချဲလ်ဆီးကို ၁ မှတ် အကွာ အနေအထားနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ZG

အက္စ္တြန္ဗီလာ အသင္းနဲ႔ပြဲမွာ အရမ္းေကာင္းတဲ့ ဂိုး တစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဘာနာဒို ေဆးလ္ဗားဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံး ကစားသမားလို႔ ခ်ီးက်ဴးလိုက္ပါတယ္။

“သူ(ဘာနာဒိုေဆးလ္ဗား)က ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးပါ။ ၿပီးခဲ့တဲ့ ၃ ရာသီတုန္းက ၉၈ မွတ္နဲ႔ ခ်န္ပီယံဆု ရခ်ိန္တုန္းကလည္း သူက အေကာင္းဆုံးေျခစြမ္းျပခဲ့ပါတယ္။ ေဘာလုံးနဲ႔ဆို သူက ထူးျခားတဲ့ စြမ္းေဆာင္ရည္ေတြ ျပသႏိုင္ပါတယ္။

ျပီးခဲ့တဲ့ ၂ ရာသီ ဒါမွမဟုတ္ ၃ ရာသီကိုၾကည့္ရင္ အခုလက္ရွိသူ႔အေနအထားကို ျမင္ရမွာပါ။ ေဘာလုံးထိန္းခ်ဳပ္မႈ ၊ ေပးပို႔မႈ နဲ႔ အဆုံးသတ္ပိုင္းမွာ တကယ္ေကာင္းပါတယ္။ တစ္ဆင့္ျမင့္တဲ့ ကစားသမားလို႔ ဆိုႏိုင္ပါတယ္”လို႔ ဂြါဒီယိုလာက ခ်ီးက်ဴးခဲ့ပါတယ္။

“ႏိုင္ပြဲ ၁၅၀ ဆိုတဲ့ စံခ်ိန္က စံခ်ိန္ေကာင္းတစ္ခုပါ။ အခ်ိန္တိုအတြင္းမွာ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ ဆုဖလားေတြအတြက္ ဆက္လက္ႀကိဳးစားရဦးမွာပါ။ လီဗာပူးက ဂိုးသြင္းစက္ျဖစ္ေနသလို ခ်ဲလ္ဆီးကလည္း တည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္ ျပသထားပါတယ္။ ၁ မွတ္ပဲ ကြာတာေၾကာင့္ ဆက္လက္ဖိအားေပးႏိုင္ဖို႔ ႀကိဳးပမ္းမွာပါ”လို႔ ဂြါဒီယိုလာက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ဂ်ရတ္အတြက္ေတာ့ ဗီလာနည္းျပဘ၀ ပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့တာျဖစ္ကာ မန္စီးတီးကို အေကာင္းဆုံး ဒုကၡ ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အက္စတြန္ ဗီလာကို အႏိုင္ရရွိခဲ့တာေၾကာင့္ မန္စီးတီးဟာ ခ်ဲလ္ဆီးကို ၁ မွတ္ အကြာ အေနအထားနဲ႔ ဆက္လက္ ဖိအားေပးႏိုင္ခဲ့ပါတယ္။