မန်ချက်စတာဒါဘီမှာ ဟီးရိုး ဖြစ်ခဲ့တဲ့ အာမက် နဲ့ ပတ်သတ်ပြီး သရဲနီဟောင်းကြီး ရွိုင်ကိန်း စိုးရိ-မ်မှု ရှိနေ
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင်ကိန်းက အာမက် ဒီရယ်လိုနဲ့ပတ်သက်ပြီး စိုးရိမ်မိတဲ့အရာအချို့ရှိတယ်လို့ ဆိုခဲ့ပြီး မန်ချက်စတာဒါဘီမှာ သူရဲကောင်းဖြစ်ခဲ့ပြီးနောက် အောက်ခြေမလွတ်သွားဖို့ မျှော်လင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
အာမက် ဒီရယ်လိုဟာ အစ်တီဟတ်မှာ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိအောင် နောက်ကျအနိုင်ဂိုးနဲ့ ကူညီပေးခဲ့တာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ချေပဂိုးဖြစ်လာမယ့် ပင်နယ်တီကိုလည်း ရယူပေးခဲ့တာဖြစ်ပါတယ်။
မန်စီးတီးနဲ့ပွဲစဉ် မိနစ် ၉၀ မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် အာမက်ဟာ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့ ရင်ဆိုင်ကစားရာမှာ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းယူဖူးတဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ရူဘင် အမိုရင် နည်းပြဖြစ်လာခဲ့ပြီးနောက် ပိုမိုတောက်ပလာခဲ့တာဖြစ်ပြီး ရွိုင် ကိန်းက အိုင်ဗရီကို့စ်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်အတွက် ချီးကျူးခဲ့ပေမယ့် လူငယ်ကစားသမားကို အောက်ခြေမလွတ်စေချင်နေတာဖြစ်ပါတယ်။

“သူ့မှာ ခွန်အားတွေနဲ့ အရည်အသွေးတွေရှိတယ်။ ဒါပေမယ့် သူက ငယ်ရွယ်သေးတဲ့ ကလေးဖြစ်ပြီး အောက်ခြေမလွတ်ဘဲ ရှိနေပါ့မလားဆိုပြီး ခင်ဗျား စိုးရိမ်မိမှာပါ။ သူ့အတွက် ကြီးမားတဲ့ ညနေခင်းတစ်ခုဖြစ်ခဲ့ပါတယ်။
သူက ပြိုင်ဘက်ခံစစ်ရဲ့နောက်ကို ပြေးဝင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ အားလုံးက ဘောလုံးကို ရယူချင်ကြပေမယ့် တိုက်စစ်မှူးကို ကျော်လွန်ပြီး ပြေးလွှားမယ့်လူတွေ ခင်ဗျား လိုအပ်မှာပါ။ မ
န်ယူနိုက်တက်အတွက် ကစားပေးဖို့ အဲဒီလို အရည်အချင်းမျိုး ရှိဖို့ လိုပါတယ်။ သူ့မှာ အဲဒီအရည်အချင်းရှိပါတယ်။ သူက မန်ယူနိုက်တက်ဂျာစီနဲ့ သက်တောင့်သက်သာဖြစ်နေပုံပေါ်တယ်။
တချို့ကစားသမားတွေက ယူနိုက်တက်အတွက် ကစားပေးတဲ့အခါမှာ သူတို့ရဲ့ ခြေစွမ်းအမှန်ကို မပြသနိုင်ကြဘူး။ ဒါပေမယ့် သူက မန်ယူနိုက်တက်ကစားသမားဖြစ်နေရတာကို အဆင်ပြေနေတဲ့ပုံပေါ်ပါတယ်။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။