အနာမခံရင် အသာမစံနိုင်ဘူး၊ ယူနိုက်တက်မှာရော လက်တွေ့ဘဝထဲမှာ ရောပဲ လို့ ရက်ဖို့ဒ်ကို lesson ပေးလိုက်တဲ့ အသင်းဖော်
မားကပ်စ်ရက်ဖို့ဒ် အနေဖြင့် ယူနိုက်တက် နည်းပြသစ် ရူဘင်အေမိုရမ်လက်အောက်မှာ အောင်မြင်မှု ရရှိလိုပါက နာကျင်ရမှာ ဖြစ်ကြောင်း ယူနိုက်တက် နောက်ခံလူ ဒါလော့က သတိပေးပြောကြား လိုက်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ တနင်္ဂနွေနေ့တုန်းက အီတီဟတ်တွင် မြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ရတဲ့ မန်ချက်စတာဒါဘီပွဲမှာ မားကပ်စ်ရက်ဖို့ဒ်နှင့် အလီဂျန်ဒရိုဂါနာချိုတို့အား ချန်လှပ်ထားခဲ့ပါတယ်။
ယူနိုက်တက် နောက်ခံလူ ဒီယေဂိုဒါလော့က “ဒီကလပ်မှာ အောင်မြင်ချင်ရင် နာကျင်ရမယ်။ ကျွန်တော်တို့နဲ့အတူ နာကျင်ဖို့ အသင့်ဖြစ်နေပြီဆိုရင် အသင်းကောင်းတစ်သင်းဖြစ်လာပါမယ်။
တကယ်လို့ အနာမခံနိုင်ဘူးဆိုရင် မင်းအတွက် နေရာမရှိပါဘူး”လို့ ရက်ဖို့ဒ် အတွက် ပြောကြားသွားပါတယ်။

မားကပ်စ်ရက်ဖို့ဒ်နှင့် အလီဂျန်ဒရိုဂါနာချို့တို့ဟာ လေ့ကျင့်ရေးအစီအစဉ်တွင် အားရစရာခြေစွမ်းမပြနိုင်ခဲ့ပြီးနောက် မန်ချက်စတာဒါဘီပွဲမှာ ချန်လှပ်ခံခဲ့ရတာပါ။
ဆက်လက်ပြီး ပေါ်တူဂီလက်ရွေးစင်က “အစကတည်းက မန်နေဂျာက ရှင်းရှင်းလေး ပြောထားပြီးသားပါ။ အောင်မြင်ချင်ရင် အနာခံရမယ်၊ ရှင်သန်နိုင်ရမယ်။ ဒါက ဘောလုံးမှာတင် မကပါဘူး။ ဘဝမှာလည်း ဒီလိုပဲ။ အောင်မြင်ချင်ရင် အလုပ်ကြိုးစားရမယ်။ အနာခံရမယ်”လို့ ပြောကြားသွားပါတယ်။