မားကပ်စ် ရက်ဖို့ဒ်ကို ဘယ်လို ပလန်နဲ့ ရောင်းမယ် ဆိုတာထိပါ စီစဉ်ပြီးသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ မားကပ်စ်ရက်ဖို့ဒ်အား အငှားချဖို့ ရှိနေကြောင်း သတင်းထွက်လာပါတယ်။

ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ယူနိုက်တက်ရဲ့ နှစ်ပွဲဆက် လူစာရင်းတွင် ချန်လှပ်ခံခဲ့ရသူ ဖြစ်ပြီး စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။

ယခုအခါ အင်္ဂလန်သတင်းဌာနတွေက ယူနိုက်တက်ဟာ မားကပ်စ်ရက်ဖို့ဒ်ကို အငှားချရန် စဉ်းစားလာကြောင်း၊ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ကလပ်ထံ အငှားချလာမှာ မဟုတ်ကြောင်း ဖော်ပြလာပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီတွင် ရက်ဖို့ဒ်ကို အငှားချပြီး နွေရာသီမှာ အပြီးသတ် ရောင်းချလာမှာလည်း ဖြစ်ပါတယ်။

ယခင်တုန်းက ပီအက်စ်ဂျီရဲ့ ဆက်သွယ်ခြင်းခံခဲ့ရဖူးတဲ့ ရက်ဖို့ဒ်ဟာ ယခင်တုန်းက ယူနိုက်တက်ပရိသတ် အချစ်တော် တစ်ဦးဖြစ်ပေမဲ့လည်း စပါးစ်ကို ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားပွဲစဉ်တွင် အသင်းမှ ထွက်ခွာရန် ပရိသတ်ရဲ့ တောင်းဆိုခြင်းခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲ ၂ ပွဲအဖြစ် ဘုန်းမောက်၊ ဝုဗ်တို့နှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ယင်းပွဲ ၂ ပွဲတွင် ရက်ဖို့ဒ် ပါ/မပါက သူ့အနာဂတ်နှင့် တိုက်ရိုက် ဆက်စပ်နေပါတယ်။