ဒဏ်ရာကြောင့် ထပ် အနားယူရမှာဖြစ်လို့ ဘယ်လောက် စိတ်ပျက်နေလဲ ပြောဆိုလာတဲ့ မေဆင်မောင့်
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား မေဆင်မောင့်က ခြေထောက်ဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ ထပ်မံ အနားယူရမှာ ဖြစ်လို့ စိတ်ပျက်ရကြောင်း ဖွင့်ဟလာပါတယ်။
မေဆင်မောင့်က “အခု ဘယ်လောက် စိတ်ပျက်နေရတယ်ဆိုတာ ဖော်ပြဖို့ စကားလုံးရှာမတွေ့ဘူး။ ဖြစ်ပျက်သွားတဲ့အချိန်မှာ ကျုပ်မျက်နှာကို ကြည့်ရင် သိနိုင်တယ်။ ဘာအဓိပ္ပါယ်လဲ ကျွန်တော် သိတယ်”လို့ ပြောကြားသွားပါတယ်။
မေဆင်မောင့်ဟာ ယခုရာသီမှာ ၄ ပွဲမြောက် ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားလာတာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် ချဲလ်ဆီးမှ ပြောင်းလာတဲ့ ပထမဆုံးရာသီမှာလည်း ယူနိုက်တက်အတွက် ၅ ပွဲတည်းသာ ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။
မေဆင်မောင့်က “ယူနိုက်တက်ပရိသတ်တွေ ခင်ဗျားတို့ ကျုပ်အကြောင်းကို သိပ်သိကြဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ တခုတော့ ကတိပေးချင်တယ်။ ဘယ်တော့မှ လက်မလျှော့ဘူး၊ ယုံကြည်မှု ဘယ်တော့မှ မဆုံးရှုံးဘူးဆိုတာပါ။
အရင်တုန်းကလည်း ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ အစွမ်းကုန် ပေးဆပ်သွားမယ်။ ခက်ခဲတဲ့ကာလကို ကျော်ဖြတ်ဦးမယ်။ အောင်မြင်မှု မရသရွှေ့ မရပ်ဘူး”လို့ ပြောကြားသွားပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် ယူနိုက်တက်နည်းပြဖြစ်လာတဲ့ အေမိုရမ်က မေဆင်မောင့်အား ဒဏ်ရာပြဿနာမှ ရုန်းထွက်နိုင်အောင် ကူညီပေးသွားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
မေဆင်မောင့် ဒဏ်ရာနှင့် ရုန်းကန်နေရမှုနှင့်ပတ်သက်ပြီး အေမိုရမ်က “ဒါက ကျုပ် အပိုင်း မဟုတ်ဘူး။ မေဆင်ကို သင်ပေးနိုင်တာက သူ ပြန်ကောင်းလာချိန်မှာ ဘယ်လို ကစားမယ်ဆိုတာပဲ။ ကွာပြားတာတွေတွေးနိုင်ဖို့ အချိန်ပေးမယ်။
သူ့ကို ကျွန်တော်တို့ ကူညီသွားမှာပါ။ သူ့အတွက် အရမ်းခက်ခဲမှာပဲ။ သူလည်း အရမ်းကြိုးစားတယ်။ တကယ်လို့ သူတို့လည်း အရမ်းကြိုးစားရင်တော့ အကူအညီဖြစ်လာမှာပါ”လို့ ပြောကြားသွားပါတယ်”လို့ ပြောကြားသွားပါတယ်။