ဘုန်းမောက်ကို ရင်ဆိုင်ရတာ တအားကို ခက်လွန်းတယ် ဆိုတဲ့ နည်းပြ အမ်မိုရင်းရဲ့ ၃-ဝ ရှုံးပွဲ အပြီး ပြောစကား
မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီည အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက် အသင်းကို ဧည့်ခံ ကစားရာ ၃-ဝ နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ ရူဘန် အမ်မိုရင်းကတော့ ဘုန်းမောက်နဲ့ ပွဲဟာ ယူနိုက်တက် အတွက် သိပ်ကို ခက်ခဲလွန်းတယ်လို့ ရှုံးပွဲ အပြီးမှာ ညည်းတွားသွားခဲ့ပါတယ်။
” နိုင်ပွဲ နှစ်ပွဲ သုံးပွဲ ဆက်တိုက် ရဖို့ တွန်းရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့ ကြိုးစားနေတာပါပဲ။ ဒီပွဲကတော့ ကျွန်တော်တို့ အတော် အခက်တွေ့ခဲ့တယ်။
ဒီ set-pieces တွေကနေပဲ ခံစားလိုက်ရပြန်တယ်။ ကျွန်တော်တို့ နည်းနည်းလည်း မတည်မငြိမ် ဖြစ်နေတယ်၊ ဒါကို ကွင်းထဲမှာ ခံစားမိပါတယ်။
ပင်နယ်တီနဲ့ နောက်ထပ် တစ်ဂိုး ပေးလိုက်ရတာက တကယ်ကြီးကို ခက်ခဲသွားစေခဲ့တာပါ။ ကျွန်တော်တို့လည်း ဂိုးတချို့ သွင်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ပွဲက တအားခက်လွန်းခဲ့တာ။ ဒီတော့ ရှေ့ဆက်ဖို့ပဲ တွေးကြရအောင်ပါ။
ရှုံးပွဲကြောင့် ကျွန်တော်တို့ ခံစားရဦးမှာပါပဲ။ ဒါပေမယ့် နိုင်ပွဲ ထပ်ရဖို့ ကြိုးစားဦးမှာပါ။ အဆုံးအထိ အလုပ် ဆက်လုပ်သွားမှာပါ။ ” လို့ အမ်မိုရင်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲပြီးတဲ့နောက် ယူနိုက်တက်က အဆင့် ၁၃ မှာ ဆက်လက် ရပ်တည်နေသော်လည်း ဘုန်းမောက်ကတော့ အဆင့် ၅ နေရာထိထိ တက်လှမ်းသွားခဲ့ပါတယ်။