အိုးထရက်ဖို့ဒ်မှာ မြင်ခဲ့ရတဲ့ ယူနိုက်တက်ရဲ့ အားနည်းချက် တစ်ခုကို ဖော်ထုတ်သွားတဲ့ အင်္ဂလန် ကစားသမားဟောင်း
တနင်္ဂနွေည အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကတော့ ဘုန်းမောက် အသင်းကို ဧည့်ခံ ကစားရာ ၃-ဝ နဲ့ ဂိုးပြတ်ကို ရှုံးနိမ့်သွားပါတယ်။
ဒီပွဲဟာ ဧည့်သည် ဘုန်းမောက် အသင်း အတွက် သက်တောင့်သက်သာ ရှိလွန်းပြီး နိုင်ပွဲ ကို အေးဆေး ယူသွားသလိုပါပဲ။
မန်ချက်စတာ ယူနိုက်တက် အတွက်တော့ အားနည်းချက်ကြီး တစ်ကွက်ကို မြင်သာစေခဲ့တယ် လို့ အင်္ဂလန် ကွင်းလယ်ကစားသမားဟောင်းကြီး ဒါရင်း အမ်ဘရို့စ်က စကိုင်းစပေါ့ကနေ သုံးသပ်သွားပါတယ်။
” ပွဲပြီး ထွက်ပေါ်လာတဲ့ အချက်အလက်တွေ အရဆိုရင် မန်ချက်စတာ ယူနိုက်တက်က ဂိုးကန်ချက် ၂၃ ကြိမ် ရှိခဲ့ပြီး ၇ ကြိမ်က ဂိုးပေါက် တည့်ခဲ့တယ်။ ဒါပေမယ့် အလုံး တော်တော် များများက အဝေးကနေ လှမ်းကန်တာပါ။
ဘုန်းမောက် အတွက်တော့ အတော် သက်တောင့်သက်သာ နဲ့ နိုင်တဲ့ ပွဲ ဖြစ်သွားတယ်။
ယူနိုက်တက်မှာ တိုးတက်အောင် လုပ်စရာတွေ အများကြီးကို ရှိနေတယ်။ အမ်မိုရင်းလည်း ဒါကို သိမယ် လို့ ကျွန်တော် ထင်ပါတယ်။ ” လို့ ၎င်းက သုံးသပ်သွားခဲ့တာပါ။
ဒီပွဲပြီးတဲ့နောက် ယူနိုက်တက်က အဆင့် ၁၃ မှာ ဆက်လက် ရပ်တည်နေသော်လည်း ဘုန်းမောက်ကတော့ အဆင့် ၅ နေရာထိထိ တက်လှမ်းသွားခဲ့ပါတယ်။