မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦးက ရူးမို-က်လွန်းတယ်လို့ မိုက်ကယ်အိုဝင် ပြောဆို
ယူနိုက်တက် တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင်က ဘုန်းမောက်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းကောင်း တသင်းမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး သရဲနီကြယ်ပွင့်တစ်ဦးကို ရူးမိုက်သူလို့ ဝေဖန်ခဲ့ပါတယ်။
အမိုရင်ရဲ့အသင်းဟာ ဘုန်းမောက်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီး နောက်ဆုံးလိဂ် ၄ ပွဲမှာ ၃ ကြိမ်မြောက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒီရှုံးပွဲကြောင့် မန်ယူနိုက်တက်ဟာ ခရစ္စမတ်နေ့ကို အဆင့် ၁၃ နေရာနဲ့ ဖြတ်သန်းရတော့မှာဖြစ်ပြီး အမိုရင် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ၆ ပွဲမှာ ၇ မှတ်သာ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အိုဝင်က မန်ချက်စတာယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကြောင့် စိတ်ပျက်ခဲ့တာ သိသာပြီး မက်ဇရာဝီရဲ့ အမှားကနေ ပင်နယ်တီ ပေးခဲ့ရတာက အသင်းရဲ့ အရည်အချင်းကို ထင်ဟပ်ခဲ့တာဖြစ်ပါတယ်။

အလျင်လိုခဲ့တဲ့ မက်ဇရာဝီနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အိုဝင်က “ခင်ဗျားက တော်တော် ကြင်နာတတ်တာပဲ။ နည်းနည်း အလျင်လိုသွားတယ် ဟုတ်လား။ ကျွန်တော့်အတွက်တော့ နည်းနည်း ရူးမိုက်တာနဲ့ ပိုတူတယ်။ ဒီတိုင်းပဲ ရပ်နေပြီး တွန်းထုတ်ပစ်လိုက်တာက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပဲ။
ဒီကနေ့ မန်ယူနိုက်တက်ဆီကနေ မြင်တွေ့ရတဲ့ ဝမ်းနည်းစရာအချက်က ဘာလဲဆိုရင် ၁-၀ နဲ့ ရှုံးနိမ့်နေရင် ပြန်လာနိုင်မယ့်ပုံမပေါ်တော့တာပဲ။
သူတို့တွေက အသင်းကောင်းတစ်သင်းမဟုတ်ဘူး။ အမိုရင်အနေနဲ့ ဒီပွဲကို ပြန်ကြည့်ပြီး ဒီလို စွမ်းဆောင်ရည်ပြခဲ့တဲ့ ကစားသမားတွေကို နောက်ထပ် မန်ယူနိုက်တက် ဂျာစီ ဝတ်ခွင့်မပေးဖို့ လိုပါတယ်။ သူ့အနေနဲ့ ရက်စက်ပြီး အညှာအတာကင်းဖို့ လိုပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။