အိုးထရက်ဖို့ဒ်မှာ ကြွက်သိုက် တွေ့လို့ မန်ချက်စတာ ယူနိုက်တက် အဆင့် သတ်မှတ်မှု လျှော့ချခံရ
မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းရှိ စားသောက်ဆိုင်များကို စစ်ဆေးမှု ပြုလုပ်ရာတွင် ကြွက်သိုက်များ တွေ့ရှိပြီးနောက် အစားအသောက် သန့်ရှင်းမှု အဆင့် သတ်မှတ်ချက် လျှော့ချခြင်း ခံလာရပါတယ်။
အစားအသောက်သန့်ရှင်းရေး စစ်ဆေးရေးအရာရှိသူများဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းသို့ လာရောက်စစ်ဆေးရာတွင် ကြွက်သိုက်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ဆေးရေးအရာရှိများဟာ စားသောက်ဆိုင်များတွင် ကြွက်များစွာ တွေ့ရှိပြီးနောက် ကြယ် ၂ ပွင့်သို့ လျှော့ချခြင်းခံခဲ့ရပါတယ်။
အိုးထရက်ဖို့ဒ်ကွင်းရဲ့ အစားအသောက်သန့်ရှင်းမှုမှာ ယခင်တုန်းက ကြယ် ၄ ပွင့်သာ ရရှိထားခဲ့တာ ဖြစ်ပြီး ယခုအခါ ကြယ် ၂ ပွင့်သို့ လျှော့ချခံလာရပါတယ်။
ယူနိုက်တက်ဟာ ကွင်းဘေးရှိ မီးရထားလိုင်းနှင့် တူးမြောင်းတို့ကြောင့် ကြွက်သိုက်များစွာ ဖြစ်နေတာလို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း အိုးထရက်ဖို့ဒ်ကွင်းအတွင်း ထိုင်ခုံတွင် ကြွက်သေတွေ့ရှိတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ဖူးပြီးလည်း ဖြစ်ပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ အစားအသောက်သန့်ရှင်းမှု အဆင့် သတ်မှတ်ချက် ပြန်လည်မြင့်တက်နိုင်ရေးအတွက် ကြွက်နှိမ်နင်းရေး လုပ်ဆောင်ရန် စီစဉ်နေပါတယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၁ နှစ်ခန့်တုန်းက အစားအသောက်သန့်ရှင်းမှု ကြယ် ၅ ပွင့်အဆင့်မှ ၁ ပွင့် လျှော့ချခံရကာ ၄ ပွင့်သို့ လျှော့ကျခဲ့တာ ဖြစ်ပြီး ယခုအခါ ၂ ပွင့်တည်းသာ ကျန်ပါတော့တယ်။
ပရီးမီးယားလိဂ်ကလပ်အများစုက အစားအသောက်သန့်ရှင်းမှု အဆင့်သတ်မှတ်ခံရမှုက ကြယ် ၅ ပွင့်အဆင့် ဖြစ်ပြီး ယူနိုက်တက်ဟာ ကွင်းအတွင်း ရုန်းကန်နေရချိန်တွင် ကွင်းပြင်ပတွင်လည်း ယခုကဲ့သို့ အခြေအနေဆိုးနှင့် ရင်ဆိုင်နေရတာပါ။
ယူနိုက်တက်ဟာ မိုးရာသီတုန်းကလည်း အိုးထရက်ဖို့ဒ်ကွင်းခေါင်မိုးပေါက်ကြောင့် မိုးယိုမှု ပြဿနာကြုံခဲ့ရဖူးပါတယ်။
တဖက်တွင် ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ ပေါင် ၂ ဘီလီယံ အကုန်အကျခံကာ ကွင်းသစ်တည်ဆောက်ရန် စီစဉ်နေပါတယ်။