မန်ချက်စတာ ယူနိုက်တက်က ၂၅ သန်းတန် အမှားတစ်ခု ကျူးလွန်ခဲ့ကြောင်း သရဲနီဟောင်းကြီး ထောက်ပြ

မန်ချက်စတာယူနိုက်တက် ဂန္တဝင် ယပ် စတမ်းက သူ့ရဲ့အသင်းဟောင်းအနေနဲ့ စကော့ မက်တော်မီနေးကို နာပိုလီအသင်းဆီ ရောင်းချခဲ့တာက အမှားကျူးလွန်ခဲ့တာလို့ ယုံကြည်နေပါတယ်။

စကော့သားလေးဟာ အသက် ၆ နှစ်အရွယ်ကတည်းက မန်ချက်စတာယူနိုက်တက် လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ပွဲဦးထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

မက်တော်မီနေးဟာ မိခင်ကလပ်အတွက် ၂၅၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး စီးရီးအေကို ပြောင်းရွှေ့သွားပြီးနောက် အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေသူဖြစ်ပါတယ်။

နာပိုလီအသင်းက အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းထားနိုင်ခဲ့ပြီး နည်းပြ အန်တိုနီယို ကွန်တီက မက်တော်မီနေးကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်နောက်ခံလူဟောင်း စတမ်းက မက်တော်မီနေးကို ရောင်းချလိုက်တာက အမှားတစ်ခုဖြစ်ခဲ့ပြီး စကော့တလန်ကွင်းလယ်လူကို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိစေချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မက်တော်မီနေးက ပုံမှန်ပွဲထွက်ခွင့်သာ အာမခံချက်မရခဲ့တာ။ သူက အသင်းအတွက် အရမ်းအရေးပါတဲ့ လွှမ်းမိုးမှုရှိတယ်။ သူက အရေးကြီးတဲ့ဂိုးတွေ သွင်းပေးခဲ့ပြီး ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ပြသခဲ့တယ်။ ဒီလိုကစားသမားမျိုးကို ဘောလုံးအသင်းတစ်သင်းအနေနဲ့ ခင်ဗျား ဆုံးရှုံးချင်မှာမဟုတ်ဘူး။

အိုးထရက်ဖို့ဒ်က ထွက်သွားတာက သူ့အတွက် ကောင်းတဲ့ ခြေလှမ်းဖြစ်နိုင်ပါတယ်။ အခုလက်ရှိမှာလည်း ရက်ရှ်ဖို့ဒ်နဲ့ ဆွေးနွေးနေတယ်။ သူလည်း အသင်းမှာ ဆက်နေချင်ရင် နေချင်နေမှာပေါ့။ သူက နာပိုလီအတွက် အရမ်းအရေးပါတဲ့ ကစားသမားဖြစ်လာနေပါပြီ။

ဘာလို့လဲဆိုတော့ သူ ပွဲတွေ ပိုပါဝင်ကစားခွင့်ရလို့ ယုံကြည်မှုတွေလည်း မြင့်တက်လာလို့ပါ။ အားလုံးခြုံပြောရရင် သူ့ကိုရောင်းလိုက်တာက ဆိုးရွားတဲ့ဆုံးဖြတ်ချက်ပါ”လို့ ပြောကြားခဲ့ပါတယ်။