ဝုဗ်နဲ့ ပွဲမှာ ရက်ဖို့ဒ် ဆက်လက် ပါဝင်ဦးမှာ မဟုတ်တဲ့ အကြောင်း တခါတည်း ကြိုရှင်းလာတဲ့ အေမိုရမ်
တိုက်စစ်မှုး မားကပ်စ် ရက်ဖို့ဒ်ဟာ ပွဲကစားဖို့ ဆန္ဒပြင်းပြနေပေမဲ့လည်း ယူနိုက်တက် နည်းပြ ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက် လူစာရင်းမှာ ချန်လှပ်ခံထားရတုန်း ဖြစ်ပါတယ်။
အင်္ဂလန် တိုက်စစ်မှူးဟာ မန်စီးတီးကို ၂-၁ ဖြင့် အနိုင်ရတဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်မှ စတင်ကာ ယူနိုက်တက် လူစာရင်းတွင် ချန်လှပ်ခြင်းခံလာခဲ့ရတာပါ။
ရက်ဖို့ဒ်ဟာ မန်စီးတီးပွဲမှာ ချန်လှပ်ခံရပြီးနောက် စိန်ခေါ်မှု အသစ် ရင်ဆိုင်ရန် အသင့်ရှိကြောင်း လူသိရှင်ကြား ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း အသက် ၂၇ နှစ်ရှိ ရက်ဖို့ဒ်ဟာ ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်လူစာရင်းတွင် ဆက်လက် ချန်လှပ်ခြင်းခံနေရပါတယ်။
အေမိုရမ်က “ဒါက ကျုပ် ဆုံးဖြတ်ချက်ပါ။ သူ ကစားချင်နေတယ်။ ကြိုးလည်း ကြိုးစားတယ်။ ဟုတ်ကဲ့။ ဒါက ကျွန်တော့် ဆုံးဖြတ်ချက်ပါ။ ကျွန်တော့် ဆုံးဖြတ်ချက် သက်သက် ဖြစ်ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာ ကစားသမားတွေနဲ့ တစ်ဦးချင်းစီ စကားပြောပြီး ကျုပ်နည်း ကျုပ်ဟန်နဲ့ လုပ်တယ်။
ပြီးတော့ ဒါက ကျွန်တော့်သိတဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ တကယ်လို့ ကျုပ် မလုပ်ရင် ကျုပ်ကိုယ်ကျုပ် ရှုံးနိမ့်ရလိမ့်မယ်။ ကိုယ့်ကိုယ်ကိုတော့ အရှုံးမခံနိုင်ဘူး။ ကျုပ် ဘာလုပ်နေတယ် ဆိုတာကိုလည်း ကျုပ်သိတယ်။” လို့ ပြောကြားသွားပါတယ်။
ရက်ဖို့ဒ်ဟာ ဘောက်ဆင်ဒေးမှာ ဝုဗ်ကို အဝေးကွင်းသို့ သွားရောက်ကစားရတဲ့ပွဲမှာ ယူနိုက်တက် လူစာရင်းတွင် ပါဝင်လာဦးမှာ မဟုတ်ပါဘူး။
တဖက်တွင် ယူနိုက်တက်ဟာ ရက်ဖို့ဒ်ကို ဇန်နဝါရီလတွင် အငှားချပြီး လက်ရှိ အခြေနေကို ဖြေရှင်းဖို့ ကြိုးစားလာနိုင်ပါတယ်။