ဇက်ဇီးကို ခေါ်ချင်တဲ့ ဂျူဗီ၊ ပြောခံနေရတဲ့ ရက်ကလစ်ဖ်၊ စောင့်ကြည့်နေတဲ့ ဘာစီအသင်းသား၊ တစ်ပွဲပယ် ဘရူနိုနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ နောက်ခံလူ မက်ဂွိုင်းယားကို ပြန်လည် ကြိုးစားပြဖို့ တိုက်တွန်းသွားခဲ့ပြီး အသင်းခေါင်းဆောင် ရာထူးနဲ့ ပတ်သက်ပြီး ပြန်လည်မျှော်လင့်ချက် ပေးသွားခဲ့ပါတယ်။
ဂျူဗင်တပ် အသင်းက ယူနိုက်တက်တိုက်စစ်မှူး ဇက်ဇီး ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကမ်းလှမ်းဖို့ အသင့်ရှိ နေကြောင်း သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက် ကတော့ ဇက်ဇီးထက် ရပ်ရှ်ဖို့ဒ်ကိုသာ လက်လွှတ်ဖို့ ဆန္ဒရှိနေပါတယ်။
အသင်းဂန္တဝင်နည်းပြ ဖာဂူဆန်ကို အသင်းဘုတ် အဖွဲ့ဝင် ရာထူးမှ ထုတ်ပယ်ခဲ့တဲ့ လက်ရှိ ယူနိုက်တက် ပူးတွဲပိုင်ရှင်သစ် ဆာဂျင် ရက်ကလစ်ဖ်ဟာ အသင်းကစားသမားဟောင်းတွေကို ပုံမှန် လှူဒါန်းနေကြ ပေါင် ၄၀၀၀၀ တန် အစီအစဉ် တစ်ခုကို ထပ်မံရုတ်သိမ်းခဲ့ပါတယ်။
ရက်ကလစ်ဖ်ရဲ့ ထို ဆုံးဖြတ်ချက်ကို မန်ယူအသင်း ကစားသမားဟောင်း အချို့က ပြင်းပြင်းထန်ထန် ဝေဖန် နေကြပြီး အသင်းစီအီးအို ဘာရန်ဒါကလည်း ရက်ကလစ်ဖ်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ မတတ်နိုင်ခဲ့ကြောင်း ဖွင့်ဟထားပါတယ်။
မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ဟာ ဘာစီလိုနာကစား သမား ဒန်နီ အိုလ်မိုရဲ့ အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္ထဝင် စီရော်နယ်လ်ဒိုဟာ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ ပေါ်တူဂီ လူမျိုးနည်းပြအမော်ရင်ကို အားပေးထောက်ခံခဲ့ပြီး အမော်ရင်ဟာ အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပို့ဆောင်ပေးနိုင်မယ်လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။
ပြီးခဲတဲ့ ဝုဗ်နဲ့ ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် ဘရူနို ဖာနန်ဒက်စ်ဟာ တစ်ပွဲသာ လွဲချော်မှာ ဖြစ်ကြောင်း သိရပါတယ်။