ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲတွေ အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်များ
မန်ယူနိုက်တက် vs အက်စတွန်ဗီလာ
မန်ယူနိုက်တက်ဟာ ဝက်ဟမ်းနဲ့ပွဲမှာ အကောင်းဆုံး ပုံစံမရခဲ့ပေမယ့်လည်း ဒရမ်မာဆန်ဆန် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ထိပ်တန်းအသင်း တစ်သင်း လုပ်နေကြပုံစံနဲ့ နိုင်ပွဲ ရှာဖွေနိုင်ခခဲ့ပါတယ်။ ရော်နယ်ဒို ဂိုးသွင်းခြေစွမ်းပြနေတာကြောင့် ကလပ်ရဲ့ atmosphere ကတော့ ကောင်းမွန်နေမှာပါ။

အဲဗာတန်နဲ့ပွဲမှာ ဗီလာရဲ့ ဒုတိယပိုင်း ခြေစွမ်းကတော့ စိတ်လှုပ်ရှားစရာပါ။ ကစားသမားသစ် လီယွန်ဘေလီဟာ ဗီလာရဲ့ ဟီးရိုးအသစ် ဖြစ်လာမယ့်သူ ဖြစ်ပါတယ်။ သူဟာ လှလှပပ ဂိုးသွင်းနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ပုံမှန် ကစားခွင့် ရလာမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒီပွဲမှာတော့ ကျွန်တော် ယူနိုက်တက်ကိုပဲ ကြိုက်မိပါတယ်။ ယူနိုက်တက်ဟာ ဗီလာနဲ့ရင်ဆိုင်ရာမှာ မှတ်တမ်းကောင်းတွေ ရှိနေပြီး လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် နောက်ပိုင်း မရှုံးထားခဲ့ပါဘူး။ ကျွန်တော် ကတော့ ယူနိုက်တက်ပဲ နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ခန့်မှန်းချက် – မန်ယူနိုက်တက် ၂-၀ ဗီလာ
ချဲလ်ဆီး vs မန်စီးတီး
ဒါဟာ ဒီရာသီရဲ့ အကြီးကြယ်ဆုံး ပွဲစဉ်တွေ ထဲက တစ်ခု ဆိုတာ အသေအချာပါပဲ။ ချဲလ်ဆီးဟာ တစ်ပတ်ပြီးတစ်ပတ် ပိုကောင်းလာခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်က စပါးနဲ့ပွဲမှာ အစမကောင်းခဲ့ပေမယ့်လည်း တူချယ်ဟာ ဒုတိယပိုင်းမှာ ထိရောက်တဲ့ လူစားလဲမှု တစ်ချို့နဲ့အတူ သူဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးဆိုတာ ပြသခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီမှာ ပေးဂိုး တစ်ဂိုးသာ ရှိထားခဲ့ကာ ပြီးခဲ့တဲ့တစ်ပတ်က ဒုတိယပိုင်းမှာ စပါးကို ချေမှုန်းခဲ့ပြီးနောက် ဒီပွဲအတွက် ယုံကြည်မှု ပြည့်ဝနေမှာပါ။

လိုက်ပ်ဇစ်ကို ချန်ပီယံလိဂ်မှာ ၆ ဂိုးထိ သွင်းယူခဲ့ပြီးနောက် ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့ခြင်းဟာ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ တကယ်တော့ အဲဒီပွဲမှာ မရှုံးခဲ့တာတောင် ကံကောင်းတယ်လို့ ဆိုရမှာပါ။ တူချယ်ဟာ ပြီးခဲ့တဲ့ရာသီက စီးတီးကို ၃ ကြိမ်စလုံး အနိုင်ရခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်မှာ စီးတီးကို အနိုင်ရခဲ့ခြင်းဟာ ချဲလ်ဆီးကို Level တစ်ခု မြင့်တက်စေခဲ့ပြီး စီးတီးတို့ ပြီးခဲ့တဲ့ တစ်ပတ်က ပြသခဲ့တဲ့ poor performance ကနေ ပြန်လည် ရုန်းထွက်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ထားပေမယ့် ချဲလ်ဆီးဟာ သူတို့အတွက် အရမ်းကို ကောင်းလွန်းနေမယ်လို့ ကျွန်တော် ယူဆပါတယ်။ ချဲလ်ဆီးတို့ ပွတ်ကာသီကာ နိုင်သွားမှာပါ။
ခန့်မှန်းချက် – ချဲလ်ဆီး ၂-၁ မန်စီးတီး
ဘရန့်ဖို့ဒ် vs လီဗာပူး
လီဗာပူးဟာ ဒီရာသီမှာ လူတွေရဲ့ အဓိကထား စောင့်ကြည့်မှုကို မခံရတဲ့ အသင်း ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ရာသီက အကောင်းဆုံး ခြေစွမ်းမျိုး မပြသထားခဲ့ပေမယ့်လည်း နိုင်ပွဲတွေ ဆက်တိုက် ရနေကာ ဆက်လက် တိုးတက်နေပါတယ်။ ဆာလားဟာ လက်ရှိမှာ ပုံစံကောင်းရနေပြီး ၎င်းရဲ့ ရွေ့လျားမှုတွေဟာ တားဆီးဖို့ ခက်ခဲလှပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဆာလားဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ကာ ဒီတစ်ပတ်မှာ ဂိုးထပ်သွင်းမယ် ဆိုရင်လည်း ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ စနေနေ့က ဝုဖ်ကို အနိုင်ခဲ့ခြင်းဟာ ဘရန့်ဖို့ဒ် အတွက် အရေးပါတဲ့ နိုင်ပွဲ ဖြစ်ပါတယ်။ ဒါဟာ မထင်မှတ်ထားတဲ့ ရလဒ်ဖြစ်ပေမယ့် ဘရန့်ဖို့ဒ်မှာ အဝေးကွင်းမှာ အနိုင်ရယူနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အဓိက ကစားသမား တိုနီ ဂိုးတွေ ပြန်ရလာခြင်းဟာ သူတို့အတွက် အားတက်စရာပါ။ ဘရန့်ဖို့ဒ်ဟာ အနိုင်ယူရ ခက်ခဲတဲ့ အသင်း ဖြစ်ပေမယ့် လီဗာပူးဟာ သူတို့အတွက် တအား ကောင်းလွန်းနေပါတယ်။ လီဗာပူးဟာ ဒီရာသီ ပေးဂိုး ၁ ဂိုးသာ ရှိထားခဲ့ကာ ဒီပွဲမှာလည်း နောက်ထပ် clean sheet ရအုံးမယ်လို့ ကျွန်တော် ထင်ပါတယ်။
ခန့်မှန်းချက် – ဘရန့်ဖို့ဒ် ဝ-၂ လီဗာပူး
အာဆင်နယ် vs တော့တင်ဟမ်

နှစ်သင်းစလုံး နိုင်ပွဲရဖို့ လိုအပ်နေတာကြောင့် ဒါဟာ စိတ်လှုပ်ရှားစရာပွဲတစ်ပွဲ ဖြစ်လာမှာပါ။ အာဆင်နယ်ဟာ နော့ရစ်ချ် ၊ ဘန်လေ တို့ကို ၂ ပွဲဆက်တိုက် အနိုင်ရမှုနဲ့ အတူ လမ်းကြောင်းပေါ် ပြန်ရောက်လာတဲ့ လက္ခဏာတွေ ပြသနေပါတယ်။ ကစားပုံက သိပ်မကောင်းပေမယ့် အာတီတာ ကတော့ ဒီအချိန်မှာ ဒါကို ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး။
စပါးဟာ ချဲလ်ဆီးနဲ့ ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ကျသွားခဲ့ပါတယ်။ နူနိုအနေနဲ့ မကြာသေးမီက သူ့အသင်း ခြေစွမ်းအပေါ် စိုးရိမ်နေမှာပါ။ ကိန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးမရသေးတာကြောင့် ဖိအားတွေ ပိုများလာခဲ့ပါတယ်။ လန်ဒန်ဒါဘီမှာ ကိန်းဟာ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်တာကြောင့် ဒီပွဲမှာ သူ့ရဲ့ သွင်းဂိုးကို ပြန်မြင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ အာဆင်နယ်ဟာ ၂ ပွဲဆက် နိုင်ထားပြီး စပါးကတော့ ၂ ပွဲဆက် ရှုံးထားခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ကတော့ ဂန်းနားတို့ဘက်မှာ နေချင်ပြီး အိမ်ရှင်ပဲ နိုင်လိမ့်မယ်လို့ ခန့်မှန်းချင်ပါတယ်။
ခန့်မှန်းချက် – အာဆင်နယ် ၂-၁ စပါး
- လက်စတာ ၂-၁
- အဲဗာတန် ၃-၀ နော့ရစ်ချ်
- လိဒ် ၁-၂ ဝက်ဟမ်း
- ဝက်ဖို့ဒ် ၁-၁ နယူးကာဆယ်
- ဆောက်သမ်တန် ဝ-၁ ဝုဖ်
- ခရစ်စတယ်ပဲလေ့စ် ၁-၁ ဘရိုက်တန်