အင်္ဂလန် အညံ့ဆုံး အသင်း ဖြစ်လာပြီ ဆိုတဲ့ နဗီး၊ နည်းပြက လူရွေးမှားနေတာ ဆိုတဲ့ ကာရေဂါတို့ရဲ့ ထောက်ပြမှုများ

မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၂၄ ခုနှစ်ကို အဆင့် ၁၄ နေရာဖြင့် အဆုံးသတ်ခဲ့ရပြီး တန်းဆင်းဇုန်နှင့် ရမှတ် ၇ မှတ်သာ ကွာဟလာပါတော့တယ်။

လက်ရှိအနေအထားရ ယူနိုက်တက်ဟာ လာမယ့်ပွဲအချို့ အမှားအယွင်းလုပ်ပါက တန်းမဆင်းရရေး တိုက်ပွဲဝင်ရမဲ့ အခြေအနေသို့ ရောက်လာတော့မှာလည်း ဖြစ်ပါတယ်။

နည်းပြ ရူဘန် အမ်မိုရင်း ကိုင်တွယ်ခါမှ ယူနိုက်တက်ရဲ့ အခြေအနေ က တန်ဟက်ရှိစဉ်ကထက် ပို ဆိုးလာနေခဲ့ကာ သူ့လက်ထက် ကောင်းတာဆိုလို့ မန်ချက်စတာဒါဘီမှာ မန်စီးတီးကို နိုင်ခဲ့တဲ့ တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။

နယူးကာဆယ်ကို ရှုံးအပြီးမှာ ဂယ်ရီနဗီးကတော့ ” ယူနိုက်တက်က ယုံကြည်မှုပိုင်း အကြီးအကျယ် ကျဆင်းနေတယ်။ ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ယူနိုက်တက်ဟာ အင်္ဂလန်ရဲ့ အညံ့ဆုံးအသင်းတောင် ဖြစ်နေပြီ သူတို့က အဲ့လောက်ထိကို ညံ့ဖျင်းလွန်းတယ်။ ” လို့ ဝေဖန် ပြောဆိခဲ့ပါတယ်။

ကာရေဂါကလည်း ” ဒီ ၁၈ လလုံး အဲရစ်ဆန်နဲ့ ကာဆီမီရိုအကြောင်း လူတိုင်း ပြောနေခဲ့ကြတာပဲ။ သူတို့ကို ရွေးချယ် တာက မန်နေဂျာပါပဲ။ ဒီကစားသမားတွေ ပြေးမှ မပြေးနိုင်တာ ဒါကို အားလုံးသိကြတယ်။

အဲ့လို ကစားသမား ၂ ဦးကိုမှ ဒီစနစ်ကြီးရဲ့ ကွင်းလယ်နေရာတွေမှာ ထည့်သုံးသွားခဲ့တယ်။ ဒါက သူတို့ကို အထိနာ သွားစေတာပါပဲ။ ” လို့ အတူ ဝေဖန်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ တန်းဆင်းဇုန်တွေနဲ့ ရမှတ် ပိုပိုကပ်လာနေသလို ရာသီကုန်ရင် ချန်ပီယံရှစ်ကို ရောက်သွားမယ့် အသင်းတွေထဲက ၁ သင်းထဲမှာပါ ထည့်တွက်ခံလာရပြီဖြစ်ပါတယ်။