တုန်လှု-ပ်စရာတွေ လိုသေးတယ်၊ ဆင်ခြေတွေ မပေးဘူး ဆိုတဲ့ အမိုရင်နဲ့ ၂ဝ၂၄ ကို စံချိန်များဖြင့် နှုတ်ဆက်ခြင်း

မန်ချက်စတာ ယူနိုက်တက်ကတော့ နယူးကာဆယ် ရှုံးပွဲ ပြီးတဲ့နောက် စံချိန်တွေ တသီတသန်း နဲ့ ၂၀၂၄ ခုနှစ် ကို နှုတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ရူဘင် အမိုရင် ကတော့ ရလဒ် မကောင်းတာတွေ အတွက် သူက ဆင်ခြေပေးနေမှာ မဟုတ်သလို ဒိထက် တုန်လှုပ်ဖွယ်ရာတွေ မျှော်လင့်ထားကြဖို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုလာပြီ ဖြစ်ပါတယ်။

” ကျွန်တော် ဒီကိုလာပြီး ဆင်ခြေပေးတာမျိုးတွေ မလုပ်လိုပါဘူး။ ဒီအသင်းနဲ့ ပတ်သက်လို့ ဆင်ခြေတွေ ကြားရတာကို ပရိသတ်တွေလည်း ရိုးအီနေလောက်ကြပါပြီ။

ကျွန်တော်တို့ရဲ့ မန်ချက်စတာ ယူနိုက်တက်.. အသင်းဟာ တုန်လှုပ်ဖွယ်ကောင်းတဲ့ အပြောင်းအလဲ တစ်ခုကို လိုအပ်နေတာပါ ။ ဒါကို ကျွန်တော်တို့ နားလည်ထားဖို့ လိုပါလိမ့်မယ်။ ” လို့ အမ်မိုရင်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ ပွဲဟာ ၁၉၇၉ ခုနှစ် နောက်ပိုင်း မန်ယူနိုက်တက် အသင်းဟာ ပထမဆုံး အကြိမ် အိုးထရက်ဖိုဒ့်မှာ လိဂ် ၃ ပွဲ ဆက် ရှုံးပွဲ ကြုံတွေ့ ခဲ့ရတာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် နောက်ပိုင်း ပြက္ဒဒိန် လ တစ်လ အတွင်းမှာ လိဂ်ပွဲ ၅ ပွဲ အထိ ရှုံးနိမ့်တာ ဟာ မန်ယူနိုက်တက် အတွက် ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ လတစ်လ အတွင်း ပြိုင်ပွဲစုံ ၆ ပွဲ ရှုံးတာကတော့ ၁၉၃၀ ခုနှစ်တုန်းက ၇ ပွဲ ရှုံးခဲ့တာပြီးရင် အများဆုံးပါ။

၁၉၈၅ နှင့် ၁၉၈၆ နောက်ပိုင်း မန်ယူနိုက်တက် အသင်းဟာ ပထမဆုံး အကြိမ် အဖြစ် ၂၀၂၃ နှင့် ၂၀၂၄ နှစ်နှစ် ဆက်တိုက် နှစ်တစ်နှစ်ရဲ့နောက်ဆုံးပွဲမှာ ရှုံးပွဲ ကြုံခဲ့ရခြင်း ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် နောက်ပိုင်း မန်ယူနိုက်တက် အသင်းဟာ နှစ်သစ် အကူးအပြောင်း ကာလ အတွင်း အနိမ့်ဆုံး အဆင့် ရပ်တည်မှု အဖြစ် အဆင့် ၁၄ ကို ရောက်ရှိ နေပါတယ်။

၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ အတွင်း မန်ယူနိုက်တက် အသင်းဟာ ပြိုင်ပွဲစုံ ၁၈ ဂိုး အထိ ပေးထားရပြီး ၊ ဒါဟာ ၁၉၆၄ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

နှစ်ပေါင်း ၁ဝ၃ ခုနှစ်အတွင်း အာမိုရင် ဟာ ပထမဆုံး ကိုင်တွယ်တဲ့ လိဂ်ပွဲ ၈ ပွဲ မှာ ၅ ပွဲ အထိ ရှုံးနိမ့်တဲ့ ပထမဆုံး မန်ယူနိုက်တက် နည်းပြ ဖြစ်လာပါတယ်။