နည်းပြ အမိုရင်ကို သရဲနီကြယ်ပွင့် တစ်ဦးက လေးစား ယုံကြည်မှု မရှိတော့လောက်ဘူး လို့ သုံးသပ် လိုက်သူ

ပရီးမီးယားလိဂ် ကွင်းလယ် ကစားသမားဟောင်း ရီယို ကိုကာက ယူနိုက်တက် တိုက်စစ်မှုး ဂျိုရွှာ ဇာဇီးအနေနဲ့ နည်းပြ ရူဘင် အမိုရင်အပေါ်မှာ လေးစား ယုံကြည်မှု ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အမိုရင်က နယူးကာဆယ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္လာနေ့ည ပွဲမှာ ၃၃ မိနစ်မှာပဲ ဇာဇီးကို လူစားလဲလှယ်ပြီး ကော်ဘီ မိန်းနူးကို လူစားဝင် ကစားစေခဲ့တာ ဖြစ်ပါတယ်။

ဇာဇီးကို လူစားလဲလှယ်ခဲ့ချိန်မှာ အိုးထရက်ဖို့ဒ်ကွင်းအတွင်း လှောင်ပြောင်သံတွေ ပဲ့တင်ထပ်ခဲ့ပြီး ဒတ်ချ် တိုက်စစ်မှူးဟာ ဥမင်လျှောက်လမ်းထဲ တန်းဆင်းသွားခဲ့ပြီးမှ နောက်ပိုင်းမှာ အရန်ခုံကို ပြန်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့အတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်။ သူ ဒီမှာ ပိုက်ဆံတွေ အများကြီး ရနေတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့်လည်း သူက သာမန်လူသား တစ်ယောက် ဖြစ်လို့ ကိုယ့် ပရိသတ် ကိုယ်တိုင်က လှောင်တာခံရတာတော့ အရမ်း ရက်စက်လွန်းပါတယ်။

ကျွန်တော် ဒီလိုမြင်ကွင်းမျိုး အိုးထရက်ဖို့ဒ်မှာ ပြီးခဲ့တဲ့ ၄၃ နှစ်အတွင်း မမြင်ခဲ့ဖူးပါဘူး။ ကျွန်တော်လည်း ဒီကွင်းမှာ လာကစားခဲ့ဖူးပါတယ်။ “လို့ ပြောကြားခဲ့ပါတယ်။