ရက်ဖို့ဒ် ကို အခြား တိုက်စစ်မှုးနဲ့ အလဲအထပ် လုပ်ကာ ပြောင်းလဲလိုက်ဖို့ မန်ချက်စတာ ယူနိုက်တက် ကြိုးစားနေ
မန်ချက်စတာ ယူနိုက်တက်ဟာ နာပိုလီ တိုက်စစ်မှူး ဗစ်တာအိုဆီမမ်အား မားကပ်စ်ရက်ဖို့ဒ်နှင့် အလဲအထပ်လုပ်ကာ ခေါ်ယူရေး လုပ်ဆောင်နေပါတယ်။
ပေါင်သန်း ၆၀ တန်ကြေးရှိ ရက်ဖို့ဒ်ဟာ ဆော်ဒီကလပ် ၃ ခုက တစ်ပတ်လုပ်ခ ပေါင် ၆၇၅၀၀၀ ဖြင့် ကမ်းလှမ်းမှု ရရှိခဲ့ပေမဲ့လည်း အင်္ဂလန်အသင်းတွင် နေရာတစ်နေရာ ရရှိလိုနေသေးမှုနှင့်အတူ ပယ်ချထားပါတယ်။
ရက်ဖို့ဒ်ဟာ ဥရောပမှာသာ ဆက်လက် ကစားလိုပြီး အင်္ဂလန်တွင် နေရာတစ်နေရာ ရရှိရေး တိုက်ပွဲဝင်လိုနေရာ အန်တိုနီယိုကွန်တီ ကိုင်တွယ်နေတဲ့ နာပိုလီမှာ သူ့အတွက် ရွေးချယ်စရာနေရာကောင်းတစ်ခု ဖြစ်နေပါတယ်။
ယူနိုက်တက်နည်းပြရူဘင်အေမိုရမ်မှာ ယခုလအတွင်းတွင် တိုက်စစ်ပိုင်းကို အားဖြည့်လိုနေပြီး ကွန်တီဘက်ကလည်း အသက် ၂၇ နှစ်ရှိ ရက်ဖို့ဒ်ကို စိတ်ဝင်စားနေမှုနှင့်အတူ အလဲအထပ်လုပ်ရေးမှာ ဖြစ်မြောက်လာဖွယ် ရှိနေပါတယ်။
ဂါလာတာစာရေးမှာ အငှားဖြင့် ကစားနေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ စာချုပ်အတွင်းတွင် ပေါင် ၆၂ သန်းဖြင့် ခေါ်ယူနိုင်မဲ့ အချက် ထည့်သွင်းချုပ်ဆိုထားသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၀ ခုနှစ်တွင် လိုင်လီမှ နာပိုလီသို့ ပြောင်းပြီးနောက် စီးရီးအေပွဲ ၁၀၈ ပွဲတွင် ၆၅ ဂိုးသွင်းထားကာ စီးရီးအေ ဂိုးသွင်းဘုရင် ဖြစ်ဖူးသလို စီးရီးအေဖလားလည်း ရရှိထားသူ ဖြစ်ပါတယ်။

ရူဘင်အေမိုရမ်ဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူးဗစ်တာဂရိုကားရက်စ်ကို ခေါ်ယူလိုနေပေမဲ့လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ပေးရနိုင်မှု၊ နွေရာသီတွင်မှ အသင်းဟောင်းမှ ကစားသမားများကို ခေါ်ယူနိုင်မှုတို့ကြောင့် ဗစ်တာအိုဆီမမ်ကို လတ်တလော တိုက်စစ်ပြဿနာကို ဖြေရှင်းရေး ခေါ်ယူလာဖို့ ရှိပါတယ်။
တဖက်တွင် ရက်ဖို့ဒ်မှာ ယူနိုက်တက်တွင် ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၁၅၀၀ ရဲ့ နှစ်ဆ ဖြစ်တဲ့ ပေါင် ၆၇၅၀၀၀ ဖြင့် ဆော်ဒီကလပ်များရဲ့ ကမ်းလှမ်းမှု ရရှိထားပေမဲ့လည်း ပယ်ချထားပါတယ်။ တကယ်လို့များ ရက်ဖို့ဒ်သာ ဆော်ဒီရဲ့ ကမ်းလှမ်းမှုကို လက်ခံလာပါကလုပ်ခအများဆုံးရရှိနေတဲ့ အင်္ဂလန်ကစားသမား ဖြစ်လာပါမယ်။
လက်ရှိ လုပ်ခအများဆုံးရ အင်္ဂလန်ကစားသမားအဖြစ် ဘိုင်ယန်မြူးနစ်မှ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ ဖြင့် ရပ်တည်နေပါတယ်။
ရက်ဖို့ဒ်အနေဖြင့် အန်တိုနီယိုကွန်တီကိုင်တွယ်နေတဲ့ နာပိုလီသို့ ပြောင်းမည်ဆိုပါက ယူနိုက်တက်ကစားဖော်ဟောင်းများဖြစ်ကြတဲ့ လူကာကူ၊ စကော့မက်တိုမီနေးတို့နှင့် ပြန်တွဲကစားရမည်ဖြစ်ရာ အလျှင်အမြန် အထိုင်ကျလာဖို့ ရှိနေပါတယ်။