စူပါဆန်းဒေး လီဗာပူး – မန်ချက်စတာ ယူနိုက်တက်ပွဲ ဘယ်လိုရလဒ် ထွက်လာမလဲ ပေါမာဆန်ကြီး ဟောကိန်းထုတ်
ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူး အသင်းနဲ့ တွေ့နေပြီး အန်းဖီးကွင်းမှာ သွားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့် တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က လီဗာပူး နဲ့ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီပွဲက ပွဲကြီးလို့ကော ပြောလို့ရသေးရဲ့လား? ပရီးမီးယားလိဂ် တစ်ရာသီအတွင်း အကောင်းဆုံးပွဲတွေထဲက တစ်ပွဲလို့ ပြောကြပေမယ့် ယူနိုက်တက်ပရိသတ် တစ်ယောက်မှတောင် ဒီပွဲကို ကြည့်ချင်မှာ မဟုတ်ပါဘူး။
အန်ဖီးမှာ ယူနိုက်တက်တို့ အနိုင်ရသွားရင် ဒီရာသီရဲ့ ရှော့ခ် ရစရာ အကောင်းဆုံးဖြစ်ရပ်တောင် ဖြစ်သွားလိမ့်မယ်။
လီဗာပူးကတော့ မယုံနိုင်စရာကောင်းအောင် တောက်ပနေပြီး သူတို့ရဲ့ တိုက်စစ်အတွဲက အပတ်တိုင်း ဂိုးတွေ သွင်းနေတယ်။ တစ်ယောက်မသွင်းရင် အခြားတစ်ယောက်က သွင်းသွားရော။
ပွဲတိုင်းမှာ လီဗာပူး တိုက်စစ်သမား တစ်ယောက်မဟုတ် တစ်ယောက် သွင်းမယ်ဆိုတာ သေချာနေတယ်။ ဒီလို တိုက်စစ်မျိုး အင်္ဂလန်မှာ ဘယ်အသင်းမှ မပိုင်ထားပါဘူး။ ဒါကပဲ လီဗာပူးကို အန္တရာယ်ကြီးနေစေတာပါ။
ကျနော်ကတော့ ဒီပွဲမှာ ယူနိုက်တက် နိုင်စရာအကြောင်း မရှိဘူးပဲမြင်ပါတယ်။ ဒီပွဲအပြီး သူတို့ တန်းဆင်းဇုန်တိုက်ပွဲနဲ့ အရမ်းကို နီးစပ်သွားပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်
လီဗာပူး ၃-ဝ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။