အလန်ရှီးယားကြီးရဲ့ ဒီည လီဗာပူး – မန်ချက်စတာ ယူနိုက်တက် ပွဲကြို သုံးသပ်ချက် ထွက်နေပါပြီ
ဒီည ပရီးမီးယားလိဂ် မှာတော့ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ထိပ်တိုက်တွေ့တဲ့ ပွဲကောင်း ရှိနေပါတယ်။ ဒီပွဲက တနင်္ဂနွေနေ့ ည မြန်မာစံတော်ချိန် ၁၁ နာရီ အချိန်၊ အန်းဖီးကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။
ပရီးမီးယားလိဂ် ဂန္တဝင်၊ နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားက လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ပြီးခဲ့တဲ့ အပတ်တုန်းက နယူးကာဆယ်ဟာ အိုးထရတ်ဖိုဒ့်ထံ သွားကစားပြီး မိနစ် ၃၀ အတွင်း ယူနိုက်တက်ကို လူငယ်အသင်း တစ်သင်းလို ကစားပြသွားခဲ့တယ်။ ယူနိုက်တက်ကလည်း အဲ့လောက်ကို ညံ့နေတာပါ။
ဒီတပတ် ပွဲမှာ ယူနိုက်တက်တို့ထံက ဘာတိုးတက်မှုမှ မြင်ရမယ် မထင်ထားသလို မြင်ခဲ့ရင်လည်း အံ့ဩမိပါလိမ့်မယ်။
ဒီပွဲက ကြီးကျယ်တဲ့ ပွဲစဉ်တစ်ခုဆိုတာ ကျနော် သိပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ သိပ်ကောင်းတဲ့ပွဲတွေလည်း ဖြစ်ထားခဲ့တယ်။ ဒါပေမယ့် အနိုင်ရမယ့် အသင်းက လီဗာပူးပဲ ဖြစ်မယ်ဆိုတာ ကျနော် မြင်ပါတယ်။
နယူးကာဆယ်ကို ရင်ဆိုင်ကစားတုန်းကလို ယူနိုက်တက်တို့ ညံ့ဖျင်းနေမယ်ဆိုရင် သူတို့ပရိသတ်တွေအတွက် ဒီပွဲက စိုးရိမ်စရာကောင်းပါတယ်။ ယူနိုက်တက်က အများကြီး တိုးတက်လာဖို့ လိုနေတယ်။
ဒီရာသီ လီဗာပူးတို့ရဲ့ အခွင့်အရေး ဖန်တီးနိုင်စွမ်း ကိန်းဂဏန်းက ယူနိုက်တက်အတွက်တော့ တကယ်ကို ကြောက်စရာပါပဲ။
အရင်လတုန်းက ယူနိုက်တက်ဟာ မန်စီးတီးကို ခံစစ်ပိတ်ကစားပြီး ကောင်တာပြန်ဖောက်ခြင်းနဲ့အတူ အနိုင်ရခဲ့ဖူးပါတယ်။ ဒီပွဲမှာလည်း သူတို့ အဲ့လို ကစားလာမှာပါပဲ။ ဒါပေမယ့် လီဗာပူးကတော့ ဒီရာသီမှာ ခြားနားတဲ့အသင်းပါ။
အဲ့ဒီတော့ ယူနိုက်တက်ရဲ့ ပလန်က လီဗာပူးကို ပြဿနာကြီးတွေ ပေးနိုင်မယ် မထင်ပါဘူး။ ဂိုးအနည်းငယ် သွင်းမယ့်ပွဲဖြစ်ပြီး လီဗာပူးအနိုင်ရလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ ” လို့ အလန်ရှီးယား ကတော့ သုံးသပ် ခန့်မှန်းထားပါတယ်။