လီဗာပူး နည်းပြ ဆလော့ ထုတ်ဖော် ချီးကျူးခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ၂ ဦး

ပြီးခဲ့တဲ့ရက်က လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ အန်းဖီးကွင်းမှာ သရေကျပြီးတဲ့နောက် ပြိုင်ဘက် ယူနိုက်တက် ကစားသမား ၂ ဦး သိပ်ကောင်းခဲ့ပါတယ် လို့ လီဗာပူး နည်းပြ အာနယ် ဆလော့က ချီးကျူးခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ အန်ဖီးကွင်းမှာ ထူးချွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး သူ့ကြောင့် လီဗာပူးညာခြမ်းက ထရန့်နဲ့ အပေါင်းအပါတွေ ပြဿနာတွေ အများကြီးဖြစ်ခဲ့ပါတယ်။

နည်းပြ အာနယ် ဆလော့က ” ယူနိုက်တက်က ညာခြမ်းကနေ အဓိက တိုက်စစ်ဆင်ခဲ့တယ် ထင်ပါတယ်။ သူတို့က ဘရူနိုလို အရမ်းကောင်းတဲ့ ကစားသမားကိုလည်း ညာခြမ်းကနေ ထိုးဖောက်စေခဲ့တယ်။

ဒီနေ့ပွဲမှာ ဘရူနို ဖာနန်ဒက်စ် ကစားသွားတာ အရမ်းကောင်းပါတယ်။ သူက ယူနိုက်တက်မှာ ဒီလို စွမ်းဆောင်ရည်တွေ အများကြီး ပြသထားဖူးပါတယ်။ အခြေအနေတွေ ခက်ခဲလာချိန်မှာ ယူနိုက်တက်တို့ ပြန်ပြီး ခေါင်းထောင်လာခဲ့တာပါ။

ယူနိုက်တက်က ကျနော်တို့ကို ပြဿနာတွေ ပေးခဲ့သလို ဒါလော့ကလည်း ဘယ်ခြမ်းကနေ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ပွဲထွက်ကစားသမား ၂ ဦးကို အန္တရာယ်ရှိတဲ့ နေရာတွေမှာ ရင်ဆိုင်ရတာက မလွယ်လှပါဘူး။

ဒီနေ့မှာ သူတို့ နှစ်ဦးက အကြိမ်အနည်းငယ် ကျနော်တို့ကို ခြိမ်းခြောက်ခဲ့ပြီး ကံမကောင်းစွာဘဲ အဲ့လို ခြိမ်းခြောက်မှုတွေကနေ ၂ ဂိုး ပေးလိုက်ရပါတယ်။ ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။