တိုက်စစ်မှုး ဇက်ဇီး ကို အကြောင်းအချက် တချို့ကြောင့် အသင်းမှာပဲ ဆက်ထားချင်တယ်လို့ အမိုရင် ပြောဆိုလာ
မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၃၆ သန်းတန် တိုက်စစ် ကစားသမား ဂျိုရွှာ ဇက်ဇီးက အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှု မရနိုင်ဘူးလို့ ဝေဖန် သုံးသပ်မှုတွေ ရှိနေပါတယ်။
ယူနိုက်တက် နည်းပြသစ် ရူဘင် အမိုရင်လက်အောက်မှာလည်း ဇက်ဇီး တစ်ယောက် ပုံမှန် ပွဲထွက်ခွင့်မရနိုင်ဘူး၊ ရုန်းကန်နေရဦးမှာပဲ၊ ရောင်းခံရမှာပဲ လို့ ပြောဆိုမှုတွေ ဆက်တိုက် ရှိနေတာပါ။
ဒါပေမယ့် နည်းပြ အမိုရင်ကတော့ တိုက်စစ်မှုး ဇက်ဇီးကို အသင်းမှာ ဆက်ထားပြီး အခွင့်အရေး ပေးမှာ ဖြစ်ကြောင်း အခုလို ဆိုပါတယ်။
“ကျွန်တော် ဇက်ဇီးကို အသင်းမှာ ဆက်ထားချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အသင်းအတွက် အရာအားလုံးကို ပေးဆပ်ပြီးကစားနေလို့ပါ”
“သူက အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကြိုးစားနေတာ။ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်နေပြီဆိုတာ ကျွန်တော်တို့ မသိလိုက်ဘူး။ ဘာဆက်ဖြစ်မလဲ ကြည့်ရတာပေါ့” လို့ အမိုရင်က ပြောဆိုခဲ့တာပါ။
ပေါ်တူဂီသား နည်းပြဟာ အသင်း ထရိန်နင်မှာ ကြိုးစား လေ့ကျင့်တဲ့ အပြုအမူ သဘောထားကို အလေးထားသူ ဖြစ်ပြီး ရက်ဖို့ဒ်၊ ဂါနာချို တို့ကိုလည်း ထရိန်နင်က ပုံစံ မကြိုက်လို့ ဖယ်ထုတ်ခဲ့ဖူးပါတယ်။
ဇက်ဇီး ကိုတော့ ကစားသမားရဲ့ ပြင်းပြတဲ့ ဆန္ဒ ရှိကြောင်း အမိုရင်က အသိမှတ်ပြုကာ ထိုသို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။