Transfer: မားကပ် ရက်ရှ်ဖို့ဒ်နဲ့ သတင်းထွက်လာတဲ့ ကလပ် အသင်းများ၊ အမ်မိုရင်းရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာနိုင်သူ

ဇန်နဝါရီ ဈေးကွက်ကာလမှာ မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကို ခေါ်ယူနိုင်ဖို့ အေစီ မီလန် တို့ စတင် လှုပ်ရှားနေကြပြီး အပြိုင်အဖြစ် ဒေါ့မွန် အသင်းလည်း ပါဝင်လာခဲ့ပါတယ်။

ဒါ့အပြင် ဂါလာတာစာရေး အသင်းကလည်း ဒီတစ်ပါတ် ရက်ရှ်ဖို့ဒ် အတွက် ချဉ်းကပ်ခဲ့သေးပြီး ကစားသမား ဖြစ်သူက ဥရောပ ထိပ်သီး လိဂ် ၅ ခု အတွင်းမှာသာ ကစားလိုတာကြောင့် လက်ရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

အခြား သတင်းတရပ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြအမိုရင်လက်ထက် ပထမဦးဆုံးအားဖြည့်ခေါ်ယူမှုအဖြစ်၊ PSG ဘယ်နောက်ခံ ကစားသမား နူနိုမန်ဒက်စ်ကို စတင်စုံစမ်းနေပြီလို့ သိရပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဓိကဘယ်နောက်ခံကစားသမား လုခ်ရှောဟာ လက်ရှိမှာဒဏ်ရာရှိနေတာဖြစ်လို့၊ လာမယ့်ရာသီဝက်မှာ ဘယ်ခြမ်းခံစစ်ကို ဦးစားပေးအားဖြည့်ဖို့ နည်းပြအမိုရင်က အလိုရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မန်ဒက်စ်ကို ယူရို ၂၅ သန်း + ရက်ရှ်ဖို့ဒ်နဲ့အလိုက်ပေးကာ ကမ်းလှမ်းသွားဖွယ် ရှိတယ်လို့လည်း သိရပြီး PSG အသင်းဘက်က အပြောင်းအရွှေ့ကို လက်ခံဖို့ အပြုသဘောဆောင်နေတယ်လို့လည်း သိရပါတယ်။