ယူနိုက်တက် တိုက်စစ်မှုး ဇက်ဇီး ကို ခေါ်ယူရေး ဂျူဗင်တပ်ဘက်က ကမ်းလှမ်းမှု ပေးပို့ထားပါပြီ
စီးရီးအေထိပ်သီး ကလပ် ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်မှာ အနာဂတ် မရေမရာဖြစ်နေတဲ့ ဂျိုရွှာ ဇက်ဇီး ကို သူတို့ရဲ့ တိုက်စစ်မှုး ဒူဆန် ဗလာဟိုဗစ်ချ် နဲ့ တည့် အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ဇက်ဇီးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘိုလော့ဂ်ညာကနေ ပေါင် ၃၆.၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာယူနိုက်တက်မှာ ကစားသမားဘဝကို ခက်ခက်ခဲခဲ စတင်ခဲ့ရတာဖြစ်ပါတယ်။
ဒတ်ချ်တိုက်စစ်မှူးဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်သေးတာပါ။
ဇက်ဇီး အနေနဲ့ အင်္ဂလန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၆ လအကြာမှာပဲ အီတလီကို ပြန်သွားနိုင်တယ်လို့ တော့ခ်စပို့ သတင်းက ဖော်ပြခဲ့ပြီး ဂျူဗင်တပ်က အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ သိရပါတယ်။
ဂျူဗင်တပ်က ဒီလထဲ ဇက်ဇီးကို အံ့အားသင့်ဖွယ် အလဲအထပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပြီး စာချုပ်သက်တမ်း ၁၆ လသာ ကျန်တော့တဲ့ ဗလာဟိုဗစ်ကို အလိုက်ပေးခဲ့တာဖြစ်ပါတယ်။
ဆားဘီးယားတိုက်စစ်မှူးဟာ အိုးလေဒီတွေနဲ့ စာချုပ်သက်တမ်းတိုးချင်တဲ့ အရိပ်အယောင် ပြသခဲ့ခြင်းမရှိတာကြောင့် အသင်းက ထွက်ခွာနိုင်တဲ့ ဖီအိုရင်တီးနားကြယ်ပွင့်ဟောင်းအတွက် ဘယ်လို အမြတ်ထုတ်နိုင်မလဲဆိုတာ ဂျုဗင်တပ် တာဝန်ရှိသူတွေက နည်းလမ်းရှာတွေ့ခဲ့တာဖြစ်ပါတယ်။
ဗလာဟိုဗစ်ချ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကမှ ပေါင် ၆၇ သန်းနဲ့ အာဆင်နယ်ကို ငြင်းပယ်ပြီး ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒီရာသီ ပြိုင်ပွဲစုံ ၁၂ ဂိုးနဲ့ အသင်းရဲ့ ထိပ်တန်းဂိုးသွင်ရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ဗလာဟိုဗစ်ချ်အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့တာကြာပြီဖြစ်ပြီး အောက်တိုဘာလတုန်းက အာဆင်နယ်အသင်းက ကာလရှည်ပစ်မှတ်ရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေသလို ချဲလ်ဆီးကလည်း ၎င်းကို မျက်စိကျနေပါတယ်။
ဗလာဟိုဗစ်ချ် အနေနဲ့ မန်ယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ကိုယ့်ကိုကိုယ် သက်သေပြဖို့ အကောင်းဆုံး အခွင့်အရေး ရရှိနိုင်မှာဖြစ်ပါတယ်။
ဗလာဟိုဗစ်ချ်က မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှာ ဂိုးရရှိဖို့ ရုန်းကန်နေရတဲ့ ဟွိုင်လန်းအတွက် ပွဲထွက်ခွင့် အတွက် ယှဉ်ပြိုင်မှုပေးနိုင်မှာဖြစ်သလို အမိုရင်အတွက် အားထားရတဲ့ ပထမပွဲထွက်တိုက်စစ်မှူးလည်း ဖြစ်လာနိုင်ပါတယ်။