ရက်ဖို့ဒ် အသင်းပြောင်းနိုင်ရေး အီတလီသို့ ကိုယ်တိုင် သွားညှိနေပြီ ဖြစ်တဲ့ အစ်ကို အေးဂျင့်
ယူနိုက်တက် တိုက်စစ်မှုး မားကပ်စ်ရက်ဖို့ဒ်ရဲ့ အေးဂျင့်ဖြစ်တဲ့ အစ်ကို လုပ်သူ ဟာ အေစီမီလန်သို့ ပြောင်းရွှေ့ရေး ဆွေးနွေးမှု ပြုလုပ်ရန် အီတလီသို့ သွားရောက်နေပါတယ်။
အသက် ၂၇ နှစ်ရှိ တိုက်စစ်မှူးရဲ့ အစ်ကိုဒွိုင်းဟာ ယခုဇန်နဝါရီလတွင် အေစီမီလန်သို့ ပြောင်းရေးအတွက် အေစီမီလန်အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးလာမှာလည်း ဖြစ်ပါတယ်။
မီလန်အသင်းတာဝန်ရှိသူများဟာ ဆော်ဒီတွင် အီတာလီယာစူပါဖလားကစားပြီး မီလန်သို့ ပြန်ရောက်ခါစာတွင်သာ ရှိသေးရာ ဆွေးနွေးမှုမှာ အစောပိုင်းအဆင့်မျှတွင်သာ ရှိပါသေးတယ်။
အေစီမီလန်ဟာ ရီယက်တွင် မြို့ခံပြိုင်ဘက် အင်တာမီလန်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၃-၂ ဖြင့် အနိုင်ကစားပြီး အီတာလီယာစူပါဖလား ရယူနိုင်ခဲ့ပါတယ်။
အေစီမီလန်ဟာ ရက်ဖို့ဒ်ကို အငှားဖြင့်သာ ခေါ်ယူလာမှာ ဖြစ်ပြီး ယူနိုက်တက်ဘက်က ကစားသမားရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ မှတချို့ကို မျှဝေပေးနေရဦးမှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်မှာ လုပ်ခမြင့်မားမှုကြောင့် ရက်ဖို့ဒ်ကို ခေါ်ယူရေး နောက်ဆုတ်ထားပြီး ဖြစ်ပါတယ်။
အေစီမီလန်ရဲ့စီနီယာအကြံပေးဇလာတန်အီဘရာဟီမိုဗစ်မှာ ယူနိုက်တက်တွင် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း ကစားခဲ့ဖူးသူဖြစ်ပြီး ရက်ဖို့ဒ်နှင့် အတူကစားခဲ့ဖူးကာ ရက်ဖို့ဒ်ရဲ့အမာခံပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ရက်ဖို့ဒ်အား နာပိုလီတိုက်စစ်မှူးအိုဆီမမ်နှင့် အလဲအထပ်လုပ်ရန်လည်း ဆွေးနွေးနေပါသေးတယ်။
မားကပ်စ်ရက်ဖို့ဒ်အနေဖြင့် အေစီမီလန်သို့ ပြောင်းပါကလည်း နေရာအလွယ်တကူ ရရှိလာမှာ မဟုတ်သေးဘဲ နေရာရရှိရေးအတွက် ရာဖေးလ်လီယို၊ တမ်မီအေဘရာဟမ်၊ အယ်ဗာရိုမိုရာတာ၊ ခရစ္စတီယန် ပူလီဆစ်တို့နှင့် တိုက်ပွဲရဦးမှာ ဖြစ်ပါတယ်။