စာချုပ်သစ် ကမ်းလှမ်းမှု အပါအဝင် ယူနိုက်တက်ရဲ့ အပြုအမူတွေကို မိန်နိုး မပျော်ရွှင် မကျေန-ပ် ဖြစ်နေ
မန်ချက်စတာ ယူနိုက်တက် အသင်း ကွင်းလယ် ကစားသမားလေး ကိုဘီ မိန်နိုးကတော့ အသင်းဘက်က ကမ်းလှမ်းလာတဲ့ စာချုပ်သစ်အပေါ် ပျော်ရွှင်မှု မရှိဖြစ်နေကြောင်း သိရှိရပါတယ်။
မိန်နိုးဟာ တစ်ပါတ် ပေါင် ၂သောင်းတန် စာချုပ်နဲ့ ကစားနေရသူ တစ်ယောက် ဖြစ်ပြီး ယခုတစ်ခေါက် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့ပါက တစ်ပါတ် ပေါင် ၂သိန်း နီးပါးလောက်အထိ တောင်းဆိုသွားမှာ ဖြစ်ပေမယ့် အသင်းဘက်ကတော့ မိန်နိုးရဲ့ ဆန္ဒကို လိုက်လျောပေးခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ယူနိုက်တက် အသင်းဘက်ကလည်း မိန်နိုးကို အသင်းမှာ မဖြစ်မနေ ဆက်ထိန်းရမယ့် ကစားသမား စာရင်းထဲ ထည့်သွင်းထားခြင်း မရှိပြန်ပါဘူး။
ဒါကြောင့်လည်း ကစားသမားဘက်က အသင်းအပေါ် စိတ်ပျက်နေပြီး ပြိုင်ဘက်အသင်းတွေထံ ရောက်သွားနိုင်မယ့် အနေအထားတွေ မြင်တွေ့နေရပါတယ်။
မန်ယူအသင်းဟာ မိန်နိုးအပြင် ပေါင် ၄၂၀၀၀၀ တည်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းထံမှ ခေါ်ယူခဲ့တဲ့ တောင်ပံ ကစားသမား ဂနာချိုကိုပါ အခန့်မသင့်ရင် ရောင်းချသွားဖို့ စီစဉ်ထားပြီး ချဲလ်ဆီးအသင်းကတော့ မိန်နိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
မန်ယူအသင်းဟာ PSR စည်းမျဉ်းကို ရှောင်လွှဲနိုင်ဖို့အတွက် အသင်းရဲ့ ကစားသမား အတော်များများကို ရောင်းချသွားလိုနေပြီး ပြီးခဲ့တဲ့နွေ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကိုတောင် ရှင်းထုတ်သွားဖို့ စီစဉ်လာနိုင်ပါတယ်။