ဝက်စ်ဟမ်း VS ချယ်ဆီး ပွဲအတွက် ဂုရုကြီး လောရိုးရဲ့ ပွဲကြို ရလဒ်ခန့်မှန်းချက်
ပရီးမီးယားလိဂ် ပွဲတွေကတော့ တစ်ပတ်ပြီး တစ်ပတ် ဆက်တိုက်ဆိုသလို ဆက်လာနေပါပြီ။ ကြားရက် ပွဲတွေ ပြီးတာနဲ့ သီတင်းပတ်ကုန် ပရီးမီးယားလိဂ် အပတ်စဉ် ၁၅ ပွဲတွေ ယှဉ်ပြိုင် ရတော့မှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဂရုကြီး လော်ရိုးက ဒီအပတ် ပွဲစဉ်တွေ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဝက်စ်ဟမ်း VS ချယ်ဆီး
ပွဲချိန်။ ။ ဒီဇင်ဘာ ၄ ရက်၊ စနေနေ့၊ ည ၇ နာရီ။
နိုင်ငံတကာ သီတင်းပတ်က ဝက်စ်ဟမ်းရဲ့ အရှိန်အဟုန်ကို ရပ်တန့်သွားစေခဲ့ပုံပါပဲ။ အဲ့နောက်ပိုင်း ပရီးမီးယားလိဂ် တစ်ပွဲမှ သူတို့ မနိုင်ခဲ့သလို ဒီတစ်ပတ်မှာလည်း နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ဖွယ် မရှိပါဘူး။
ချယ်ဆီးကတော့ ဝက်ဖို့ဒ်ကို ကံကောင်းထောက်မစွာ အနိုင်ရခဲ့ပြီး ပွဲအပြီးမှာ တူချယ်ကလည်း ဒါကို ဝန်ခံခဲ့ပါတယ်။ စနေနေ့ပွဲမှာတော့ ဝက်ဖို့ဒ်နဲ့ပွဲတုန်းက ကစားပုံဆိုးရွားမှုကို တုံ့ပြန်လာမှာပါ။ နောက်ဆုံး ၂ ပွဲဆက် ကစားပုံ ဆိုးရွားခဲ့တာကြောင့် လာမယ့်ပွဲမှာ အများကြီး တိုးတက်လာမယ် ထင်ပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ။ ။ ဝက်စ်ဟမ်း 0-2 ချယ်ဆီး