အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ အက်ဖ်အေဖလားပွဲ အတွက် ကြိုတင် သုံးသပ်ချက် ထုတ်လာသူ
ဒီ weekend ကန်မယ့် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မယ့် အက်ဖ်အေဖလား ပွဲစဉ် အတွက် အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဝင်းတားဘန်းက ကြိုတင် သုံးသပ် ခန့်မှန်းမှုတွေ ပြုလုပ်လာပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ မြောက်လန်ဒန်သို့ ခရီးနှင်ပြီး အာဆင်နယ်အသ်ငးနဲ့ အက်ဖ်အေ စတုတ္ထအဆင့် ပွဲ အဖြစ် ရင်ဆိုင် ကစားရမှာပါ။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၉ နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။
ဝင်းတားဘန်းက ” ကျွန်တော်ကတော့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ တွေ့တဲ့ ဒီအက်ဖ်အေပွဲက နှစ်သင်းလုံး အတွက် သိပ် အရေးကြီးတယ် လို့ ထင်တယ်။
ဒီပွဲက ယူနိုက်တက် အတွက် ပို အလေးအနက် ရှိမယ် ပြောကောင်း ပြောကြလိမ့်မယ်။ ကစားသမား တစ်ယောက် ဆိုရင်တော့ ပြိုင်ပွဲတိုင်းက အရေးကြီးတာပဲ။ ဒီလို ပြိုင်ပွဲတွေကနေ ဖလားယူဖို့ပဲ ကစားသမားတွေက ကြိုးစားနေတာ။
အာဆင်နယ်ဘက်က ကြည့်မယ် ဆိုရင် အက်ဖ်အေဖလား ပြိုင်ပွဲထဲမှာ ဆက်ရှိနေဖို့၊ ယူနိုက်တက်ထက် အသာရဖို့ ဆိုတာက အရေးကြီးပြီးသား ကိစ္စပဲ။ ဒီတော့ နှစ်သင်းလုံးအတွက် ပွဲကြီးပွဲကောင်းပါ။
အာဆင်နယ် အတွက်ကတော့ အန္တာရယ်ကြီးတဲ့ အချိန် ရောက်နေပြီ။ သူတို့က အမှတ်ပေးလိဂ်မှာရော ရှုံးထွက် ဖလားတွေမှာပါ ပါဝင် ယှဉ်ပြိုင်နေရတယ်။ ဒါပေမယ့် သူတို့ အသင်း လူစာရင်း ကွာလတီ အရ အာဆင်နယ်အတွက် အောင်ပွဲ ရမှာ သေချာပါတယ်။
ဒါပေမယ့် ပွဲကတော့ အတော် အကြိတ်အနယ် ရှိမယ် လို့ ကျွနေ်တာ် ထင်တယ်။ ပွဲ ရလဒ်ကို မှန်းရမယ် ဆိုရင် အာဆင်နယ် ၂-၁ နဲ့ နိုင်မှာပါ။ ” လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။