လူစာရင်း အပြည့်ထုတ်မယ်၊ အာဆင်နယ်ကို အနိုင်ယူမယ်၊ FA ဖလား ယူချင်တယ် ဆိုတဲ့ အမ်မိုရင်း ရဲ့ ပွဲကြို ပြောစကား
မနက်ဖြန်တနင်္ဂနွေည အာဆင်နယ် နဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလား ပွဲအတွက် ယူနိုက်တက် နည်းပြ အမ်မိုရင်းက စိတ်အားထက်သန်နေပြီး တောင့်တင်းတဲ့ လူစာရင်းဖြင့် အနိုင်ရအောင် ကြိုးစားမယ်လို့ ပြောလာပါတယ်။
နည်းပြ အမ်မိုရင်းက ” ကျနော်တို့ အက်ဖ်အေဖလားကို ရချင်ပါတယ်။ ” လို့ သူ့ ရည်မှန်းချက်အား ပွင့်ပွင်းလင်းလင်း ထုတ်ဖော် ပြောပါတယ်။
ယူနိုက်တက် နည်းပြကတော့ သူ့အသင်းဟာ လက်ရှိမှာ ခက်ခဲခဲ့ ကာလကို ကျော်ဖြတ်နေရတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် တိုးတက်လာဦးမယ်ဆိုတာကိုလည်း ယုံကြည်နေတာပါ။
” လတ်တလောမှာ အခြေအနေတွေက ခက်ခဲနေပေမယ့် ကျနော်တို့ တိုးတက်လာမှာပါ။ အကောင်းဆုံး ကစားသမားတွေကို အနားပေးဖို့က အဓိပ္ပာယ် မရှိပါဘူး။ နီးကပ်လာတဲ့ ပွဲတွေကို သူတို့ ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်ကို အနိုင်ရဖို့ အကောင်းဆုံးအသင်းကို ရွေးချယ်လာမှာပါ။ တခါတလေမှာ ကစားသမားတွေကို အနားပေးတာထက် ဒီလိုပွဲမျိုးကို အနိုင်ယူလိုက်တာက ပိုကောင်းပါတယ်။
အာဆင်နယ်ကို အနိုင်ယူဖို့ လိုပါတယ်။ အဲ့နောက်မှ နောက်ပွဲအကြောင်း စဉ်းစားပါမယ်။ ” လို့ ယူနိုက်တက် နည်းပြ အမ်မိုရင်းက ဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ လန်ဒန်ကလပ်မှာ ရှိနေတဲ့ ဆယ်စုနှစ်ရဲ့ ထက်ဝက်ကာလအတွင်း အက်ဖ်အေဖလား ၁ လုံးပဲ အောင်မြင်ထားတာပါ။ သူ့ရဲ့ ဖလားအောင်မြင်မှု မှတ်တမ်းကို ရာသီဝက်အတွင်း အမ်မိုရင်း အမီလိုက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။