အာဆင်နယ်နဲ့ ကန်မယ့် အက်ဖ်အေဖလား ပွဲစဉ်အတွက် ထွက်ခွာသွားတဲ့ ယူနိုက်တက် လူစာရင်း၊ ရက်ဖို့ဒ် မပါဝင်
ဒီည အမ်းမရိတ်ကွင်းမှာ အာဆင်နယ်နဲ့ ကန်မယ့် အက်ဖ်အေဖလား ပွဲစဉ်အတွက် ရထားနဲ့ ခရီးထွက်ခွာသွားပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်းမှာ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ် မပါဝင်သွားဘူး လို့ သိရပါတယ်။
နည်းပြ ရူဘန် အမ်မိုရင်း ရဲ့ အသင်းဟာ ဒီည အမ်းမရိတ်မှာ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
ဒီညပွဲ အတွက် လိုက်ပါသွားတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Onana, Bayindir, Heaton, Dalot, Mazraoui, De Ligt, Yoro, Maguire, Martinez, Malacia, Mainoo, Ugarte, Casemiro, Collyer, Fernandes, Eriksen, Antony, Garnacho, Zirkzee, Hojlund, Amad.
အဖျားကနေ ပြန်သက်သာလာပြီ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ် ဟာ ပွဲကစားမယ့် လူစာရင်းထဲ ရွေးချယ်နိုင်ပြီ လို့ နည်းပြ အမ်မိုရင်းက ပြောကြားထားခဲ့ပါသေးတယ်။
ဒါပေမယ့် Stockport ဘူတာကနေ ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေထဲမှာ ရက်ရှ်ဖို့ဒ် ကို မတွေ့ရတာကြောင့် ဒီည ပွဲကိုလည်း အင်္ဂလန်သားက လွဲချော်ဖွယ် ရှိပါတယ်။
ယူနိုက်တက်နဲ့ မပါသွားတဲ့ ကစားသမားတွေထဲမှာ ရက်ရှ်ဖို့ဒ် အပြင် မေဆန်မောင့်၊ လုခ်ရှော၊ အီဗန်စ်၊ လင်ဒီလော့ဖ် တို့ကလည်း ဒဏ်ရာကြောင့် လွဲချော် ကျန်နေရစ်ပါတယ်။