ပထမဆုံး အကြိမ် နစ္စတယ်ရွိုင်းကို ပြိုင်ဘက် အဖြစ် ဆုံမှာ အတွက် အမ်မိုရင်း ရင်ခုန် အကောင်းမြင်နေ
အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ အတွက် မဲခွဲ ရလဒ် ထွက်ပေါ်လာရာမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ သရဲနီဟောင်းကြီး နစ္စတယ်ရွိုင်း နည်းပြ အဖြစ် ကိုင်တွယ်နေတဲ့ လက်စတာ စီးတီးအသင်းနဲ့ တွေ့နေပါတယ်။
နစ္စတယ်ရွိုင်း ဟာ ယူနိုက်တက်ထံ အမ်မိုရင်း မရောက်လာခင် အသင်းကို ယာယီနည်းပြ အဖြစ် ကိုင်တွယ်ခဲ့သေးပြီး ၎င်းကို ဆက်လက်ခန့်အပ်ဖို့ တောင်းဆိုမှုတွေတောင် ရှိခဲ့သေးတာပါ။
နည်းပြ အမ်မိုရင်းကတော့ နစ္စတယ်ရွိုင်း နဲ့ ပြိုင်ဘက် အဖြစ် အခုလို ပထမဆုံး ထိပ်တိုက်ဆုံမှာကို ရင်ခုန်နေပြီး အကောင်းမြင်နေပါတယ်။
” ပထမဆုံး အနေနဲ့ ရုဒ် ဗန် နစ္စတယ်ရွိုင်း နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပါမယ်။ ကျွန်တော် သူ့ကို တရင်း တနှီးနဲ့ အဲ့ဒီလိုပုံစံမျိုးတွေ့ချင်တာပါ။
ကျွန်တော့် အနေနဲ့ သူ့ကိုလေးစားသလို သူကအရည်ချင်းရှိတဲ့ နည်းပြတယောက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရချင်တယ်၊ နောက်တစ်ဆင့်ကိုတက်ချင်ပါတယ်။
အက်ဖ်အေဖလားက အရမ်းကောင်းတဲ့ ပြိုင်ပွဲတစ်ခုပါ၊ ကျွန်တော် တကယ်ကို နှစ်သက်ပါတယ်။” လို့ အမ်မိုရင်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေဟာ နောက်လ ဖေဖော်ဝါရီ ၈-၉ သီတင်းပတ်မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။