ဒီအပတ် ကွက်တိမှန်နေတဲ့ ပေါမာဆန်ရဲ့ မန်ချက်စတာ ယူနိုက်တက် – ဆောက်သမ်တန် ပွဲ သုံးသပ် ခန့်မှန်းချက်

ဒီတပတ် ကြားရက်ကန်မယ့် ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ဟာ ဆောက်သမ်တန် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန် က မန်ချက်စတာ ယူနိုက်တက် – ဆောက်သမ်တန် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

ဒီပွဲကတော့ မန်ချက်စတာ ယူနိုက်တက် ဘယ်လောက် လုပ်ပြနိုင်မလဲ ပေါ်ပဲ မူတည်မယ်။ အခု အနေအထားရတော့ ယူနိုက်တက်က ဆောက်သမ်တန်ကို အပြတ် ချေမှုန်းနိုင်လောက်တယ်။ ဒါပေမယ့် အဲဒီလို စိတ်ကူးနဲ့ ဒီပွဲကို ကစားရင်တော့ အရင်ပွဲတချို့လို ခံစားသွားရနိုင်ပါတယ်။

ယူနိုက်တက်က လီဗာပူး၊ အာဆင်နယ်နဲ့ ပွဲတွေမှာ ရလဒ်ကောင်းတွေ ရထားတယ်။ အဲဒိပွဲတွေ မတိုင်ခင်ကကျ ဘုန်းမောက်၊ ဝုဗ်ပွဲတွေမှာ အမှတ်လျော့ခဲ့တယ်။ ကျွန်တော် ပြောတာ သဘောပေါက်လား မသိဘူး။

မန်ချက်စတာ ယူနိုက်တက် ဒီပွဲကို နိုင်သင့်ပါတယ်။ ဒီပွဲကို မနိုင်ရင်တော့ သူတို့တော့ အိုးမိုင်ဂေါ့ဒ် .. ကပ်ဘေး ဆိုက်ပြန်ဦးမှာပဲ။

ဆောက်သမ်တန်ကတော့ ပရီးမီးယားလိဂ်မှာ စံချိန်တင် အမှတ်အနည်းဆုံး ရတာ ဖြစ်သွားနိုင်တယ်။ သူတို့ နိုင်မယ့် ပွဲကို မမြင်မိဘူး။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ရူဘန် အမ်မိုရင်း လက်အောက်မှာ ခရီးရှည်ကြီး သွားရဦးမှာပါ။ ဒီပွဲ ၃ မှတ်ထက် လျော့လို့ မရပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ် – မန်ချက်စတာ ယူနိုက်တက် ၃-ဝ ဆောက်သမ်တန်

ပွဲချိန်ကတော့ လာမယ့် သောကြာနေ့ မြန်မာစံတော်ချိန် နံနက် ၂း၃ဝ နာရီ အချိန် ဖြစ်ပါတယ်။