မန်ယူ တိုက်စစ်မှုး ရက်ဖို့ဒ်အား ခေါ်ယူရေး ဒေါ့မွန်အသင်း ဆွေးနွေးနေပါပြီ

ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းတာဝန်ရှိသူများဟာ ပြီးခဲ့တဲ့အပတ်တုန်းက ယူနိုက်တက် တိုက်စစ်မှုး မားကပ်စ်ရက်ဖို့ဒ်အား ခေါ်ယူရေး အေးဂျင့်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းမှာ ယူနိုက်တက်နည်းပြ ရူဘင်အေမိုရမ်ရဲ့ ချန်လှပ်ခြင်းခံလာခဲ့ရသူ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ ရက်ဖို့ဒ်ဟာ ဒီဇင်ဘာလ၁၂ ရက်နေ့တုန်းက ဗစ်တိုးရီးယားပါဇန်နှင့် ယူရိုပါလိဂ်ပွဲတွင် ၅၆ မိနစ် ကစားခွင့်ရပြီးနောက် ယူနိုက်တက်အတွက် ပွဲကစားခွင့် မရလာခဲ့ပါဘူး။

နောက်ပိုင်းတွင် ၎င်းက စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် အိုးထရက်ဖို့ဒ်မှ ထွက်ခွာရန် အသင့် ရှိနေပြီ ဖြစ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

သူ့ကို ခေါ်ယူရန်အတွက် အေစီမီလန်၊ စပါးစ်နှင့် ဝက်စ်ဟမ်း အသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။

တဖက်တွင်‌ ဒေါ့မွန်ဟာ အခြားကလပ်များထက် လက်ဦးမှု ရယူနိုင်ရေးအတွက် ရက်ဖို့ဒ်ရဲ့အေးဂျင့်များနှင့် ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။

ဒေါ့မွန်အားကစားဒါရိုက်တာဆီဘာစတီယန်ခါးလ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အပြောင်းအရွှေ့ ဖြစ်မြောက်လာရေးအတွက် ရက်ဖို့ဒ်ရဲ့အေးဂျင့်များနှင့် တွေ့ဆုံစကားပြောခဲ့ပါတယ်။

ဒေါ့မွန်ဟာ ရက်ဖို့ဒ်ကို ခေါ်ယူရေး ကြိုးပမ်းနေရတုန်း ဖြစ်ပေမဲ့ ကစားသမားရဲ့လုပ်ခကြောင့် ဖြစ်မြောက်လာဖို့တော့ ခက်နေပါတယ်။

အေစီမီလန်ကလည်း ရက်ဖို့ဒ်ကို ခေါ်ယူရေး စိတ်ဝင်စားနေကာ မကြာမီ ဆွေးနွေးလာဖို့ ရှိနေပါတယ်။