နယူးကာဆယ် တိုက်စစ်မှုး အီဆက်ခ် ကို ခေါ်ဖို့နဲ့ ရက်ရှ်ဖို့ဒ်ကို အသုံးချလိုက်ဖို့ တိုက်တွန်းနေတဲ့ သရဲနီဟောင်းကြီး
မန်ချက်စတာယူနိုက်တက် အနေနဲ့ နယူးကာဆယ်တိုက်စစ်မှုး အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အသုံးချလိုက်ဖို့ မန်ယူ နောက်ခံလူဟောင်းကြီး ဂယ်ရီ ပေါ်လစ္စတာက အကြံပြုခဲ့ပါတယ်။
အာဆင်နယ်အသင်းကလည်း အီဆက်ခ်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းထွက်နေတာပါ။
ပြီးခဲ့တဲ့အပတ်က အမ်းမရိတ်စ်မှာ ဆွီဒင်ကြယ်ပွင့်ရဲ့ အစွမ်းကို မြင်တွေ့ခဲ့ရပြီးဖြစ်ပေမယ့် ငှက်ကျားတွေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးဖို့ အခက်တွေ့နေတာဖြစ်ပါတယ်။
အလက်ဇန်းဒါး အီဆက်ခ် ဟာ ရီးရဲဆိုစီဒက်ကနေ ၂၀၂၂ ခုနှစ်မှာ ပြောင်းလာပြီးကတည်းက ၈၉ ပွဲကစားထားရမှာ သွင်းဂိုး ၅၀ သွင်းယူထားနိုင်ခဲ့သူဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှုးက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်း ခံထားရတာ ဖြစ်ပါတယ်။
အီဆက်ခ်အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ကို အသင်းအနည်းငယ်လောက်ကသာ တတ်နိုင်ပြီး ဂယ်ရီ ပေါ်လစ္စတာက မန်ယူနိုက်တက်အနေနဲ့ ရက်ရှ်ဖို့ဒ်ကို အသုံးချပြီး အလဲအထပ် လုပ်ဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။